Melody World သီချင်းပြိုင်ပွဲကနေတဆင့် လူသိများကျော်ကြားလာတဲ့ အဆိုတော် ဖြိုးပြည့်စုံ နဲ အိပ်မက်ဆုံရာ ရာသက်ပန် အဆိုပြိုင်ပွဲကနေ ဂီတလမ်းကြောင်းပေါ် ရောက်ရှိလာတဲ့ အဆိုတော် အောင်ထက်တို့ ရဲ့ ကြယ်လို့ အမည်ပေးထားတဲ့ တေးစီးရီးမိတ်ဆက်ပွဲကို ရန်ကုန်မြို့ အော့ခစ် ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Source: The Union Daily

M UNITED ENTERTAINMENT ကနေ စီစဉ်တာဖြစ်ပြီး နှစ်ယောက်တွဲအခွေလုပ်ဖို့အတွက် အတော်အချိန်ယူခဲ့ကြရတယ်လို့ သိရပါတယ်။ နှစ်ယောက်အတူ လုပ်ဖြစ်သွားတာက ဂီတလောကမှာ ဖြတ်သန်းရတဲ့ ဘဝပုံစံတူလို့ ဖြစ်တယ်လို့ အဆိုတော် ဖြိုးပြည့်စုံကပြောပါတယ်။

Source: M United Entertainment

ဒီ ကြယ် ဆိုတဲ့ တေးသီချင်းခွေထဲမှာ သီချင်းစုစုပေါင်း  ၁၂ ပုဒ် ပါဝင်ပြီး  တယောက်ကို Solo  ၅ ပုဒ်စီ နဲ့  နှစ်ယောက်အတွဲကတော့ သီချင်းနှစ်ပုဒ်ဖြစ်ပါတယ်။  ကြယ် သီချင်းကိုတော့ အဆိုတော် အောင်ထက်က ရေးသားထားပြီး နှစ်ယောက်တွဲသီဆိုထားတာဖြစ်ပြီ။  နဲ ဝေကြီးရေးတဲ့ သားနားလည်ပါတယ်ဆိုတဲ့ အတွဲသီချင်းကိုတော့ တေးရေး ဝေကြီးက ရေးသားထားတယ်လို့ သိရပါတယ်။