ငယ်ငယ်တုန်းက ရူပဗေဒမှာ သင်ခဲ့ရတယ်။ ကမ္ဘာပေါ်က အရာတိုင်းက ကမ္ဘာ့ဆွဲအားနဲ့ တည်ရှိနေကြောင်းကို ဒါပေမယ့် ဆွဲအားသက်ရောက်မှုမရှိတဲ့ တစ်ချို့နေရာတွေရှိနေကြပါသေးတယ်။ ဥပမာ – ကားစက်သတ်ထားပေမယ့် သူ့အလိုလို  တောင်ကုန်းပေါ်ပြန်တက်တာတို့၊  ရေတံခွန်က ရေမကျတော့ တာတို့၊ ကျောက်အစွန်းမှာ အရမ်းကြီးမားတဲ့ ကျောက်တုံးအောက်ကို လိမ့်ဆင်းမသွားဘဲ ထပ်တင်နေတာမျိုးတို့…

အခု ကျွန်တော်တို့ Kwee ကနေ အရမ်းဆန်းကြယ်ပြီး ကမ္ဘာ့ဆွဲအား သက်ရောက်မှုမရှိတဲ့  နေရာတွေကို  ခေါ်သွားပါရစေ…

အင်္ဂလန်က ပြောင်းပြန်ရေစီးနေတဲ့ ရေတံခွန်

Source: Bright Side

Hayfield နဲ့ သိပ်မဝေးတဲ့နေရာမှာရှိတဲ့ ဒီရေတံခွန်ရဲ့ ရေစီးကြောင်းဟာဆိုရင် တခြားရေတံခွန်တွေကို အောက်ဘက်ကို စီးဆင်းသွားတာမဟုတ်ဘဲ အပေါ်ကောင်းကင်ဘက်ကို ပြန်စီးလာတယ်ဆိုပဲ။ ဒီရေတံခွန်ရဲ့ လျှို့ဝှက်ချက်ကတော့ လေပါပဲ။လေတိုးအား  အရမ်းကြီးတာကြောင့် အောက်ကိုစီးတဲ့ရေတွဟာ လေရဲ့ပြန်ပင့်တဲ့အားကြောင့်  အပေါ်ဘက်ကို ပြန်တွန်းသလို  ဖြစ်နေတာပါ။ ရေတံခွန်ရဲ့ အမြင့်ပေဟာ 78 ပေရှိပါတယ်။

အမေရိကန် Oregon က ထူးဆန်းတဲ့ အိမ်ကြီး

Source: 101 Things To Do

ထူးခြားတဲ့ Oregon Vortex နားမှာ ဆောက်ထားတဲ့ အိမ်လေး (ဒေသခံတွေ အခေါ် Forbidden Ground) ဖြစ်ပြီး ရှောင်ရှားရမယ့် စာရင်းထဲမှာ ထည့်ထားကြပါတယ်။ အဲ့ဒီ့အိမ်မှာ စက်ဝန်းဆွဲအားတွေ ရှိနေတယ်လို့ ယုံကြည်ကြပြီး အဲ့ထဲမှာ လမ်းလျှောက်ဖို့က မဖြစ်နိုင်စရာတစ်ခုပါတဲ့။ အဲ့အိမ်လေးထဲမှာ ထားတဲ့ပစ္စည်းတွေဟာ သင်ထားတဲ့အတိုင်းပဲ ရှိနေမှာ ဖြစ်ပြီး အောက်ကို ပြုတ်ကျမလာပါဘူး။

အာမေးနီးယား၊ Aragats တောင်ခြေက လမ်းမကြီး

Source: Wikipedia

တူရကီနဲ့ အာမေးနီးယားနယ်စပ်မှာရှိတဲ့ တောင်တစ်တောင်ကို နှစ်စဉ်နှစ်တိုင်း ခရီးသွားထောင်သောင်းများစွာ Aragats တောင်ကို လာပြီး ကမ္ဘာ့ဆွဲအားကို ဆန့်ကျင်နေတဲ့ အဖြစ်အပျက်ကို လာကြည့်ကြတယ်တဲ့။ တောင်ခြေမှာ ကားကို စက်သတ်ပြီး ထားပေးမယ့် ကားက သူ့အလိုလို တောင်ပေါ်ကို တက်သွားတယ်ဆိုပဲ။ အဲ့ဒီကို ရောက်ပြီးတဲ့ လူတော်တော်များများပြန်ပြောကြတာက  အဲ့တောင်မှာ တက်ရတာလွယ်သလောက် အဆင်းခက်ပါတယ်။

အမေရိက နီဗာဒါမှာရှိတဲ့ Hoover ဆည်

Source: Bright Side

တကယ်လို့ သင်က 726.4 ပေ ရှိတဲ့ အဲ့ဒီဆည်ပေါ်ရောက်သွားတဲ့ အချိန်ကျရင် အရိုးရှင်းဆုံးအလုပ်တစ်ခုကို လုပ်ကြည့်ပါ။ အဲ့ဒါက ရေဘူးထဲကရေကို သွန်ကြည့်ဖို့ပါပဲ။ ရေတွေက အောက်ကို မစီးသွားဘဲ အပေါ်ကို ပျံတက်လာတာကို သင်တွေ့ရမှာပါ။ အလားတူပဲ တခြားပေါ့ပါးတဲ့ပစ္စည်းတွေနဲ့ စမ်းသပ်ကြည့်ရင်လဲ အောက်မကျသွားဘဲ လေပေါ်မှာပဲ ဝဲနေမှာပါတဲ့။ ခုန်တော့မချနဲ့ပေါ့နော်။ သင့်ခန္ဓာကိုယ်ကို  လေကနိုင်မနိုင်မသိနိုင်ဘူးလေ။

မြန်မာနိုင်ငံက ကျိုက်ထီးရိုးစေတီတော်

Source: Ancient Origins

ကျောက်တုံးကို ရွှေအပြည့်သုတ်ထားတဲ့ ဒီကျိုက်ထီးရိုးစေတီတော်ဟာ ဘယ်အချိန်မှာမဆို ပြုတ်ကျသွားမယ့်အတိုင်းပါပဲ။  လက်တွေ့မှာတော့ ကျောက်အစွန်မှာတည်ထားတဲ့ စေတီရဲ့ အမြင့်ဟာ ၄၉ ပေရှိပြီး တည်ထားတာ နှစ်ပေါင်း 2500 ကျော်နေပါပြီ။ စေတီတော်ထဲမှာ မြတ်စွာဘုရားရဲ့ဆံတော်ကို ဌာပနာထားပြီး ဒဏ္ဍာရီလာတွေထဲမှာ အမျိုးသမီးတစ်ယောက်ကသာ ဒီကျောက်တုံးကို ပြုတ်ကျသွားအောင်လုပ်နိုင်မယ်လို့   ပြောကြတာတွေ့ရပါတယ်။ ဒါကြောင့်ပဲလားတော့ မသိပေမယ့် အမျိုးသမီးတွေတော့ စေတီတော်တည်ထားတဲ့  ကျောက်တုံးကို  ထိကိုင်ခွင့် မရှိပါဘူး။