လူကြီး၊လူငယ်မရွေး ရေကို သဘောကျ နှစ်ခြိုက်ကြပါတယ်။ ပျော်ရွှင်ဖွယ် ပါတီပွဲလည်းဖြစ်တယ်၊ ရေကူးကန်လည်း ပါတယ်ဆိုတော့ လူတိုင်း စိတ်ဝင်တစားနဲ့ တက်ရောက်ချင်ကြမှာပဲ ဖြစ်ပါတယ်။ Pool Party ပွဲတစ်ပွဲ ကျင်းပဖို့ ဘာတွေကြိုတင် ပြင်ဆင်ဖို့လိုအပ်ပါသလဲ။

Source: Shutterstock

Pool Party ဆိုပေမယ့် ရေကူးရုံ၊ သောက်စားရုံသက်သက်မဟုတ်ပဲ စိတ်လှုပ်ရှားဖွယ် ဂိမ်းတွေလည်း ပါဝင်ပါတယ်။ ရေထဲမှာ Golf ကစားဖို့အတွက် Golf Backyard လိုအပ်ပါတယ်။

Source: Shutterstock

ရေကန်ထဲမှာ ရေစိမ်ရင်း အသင့် သောက်သုံးနိုင်အောင် တကယ့်ကို ကောင်းမွန်တဲ့ စီမံမှုတွေရှိနေသင့်ပါတယ်။ Floating Beer Pong Table လေးတွေကို ရေကန်ထဲမှာ ထားပေးလိုက်ရုံဖြင့် အမိုက်စား Pool Party ရဲ့ ခံစားမှုတွေကို ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်။

Source: Shutterstock

လှုပ်ရှားမှုကိုသဘောကျတဲ့ ပုရိသတွေရဲ့ အကြိုက်ဖြစ်ပါတယ်။ ရေကန်ထဲမှာ ရေကူးရင်းဖြင့် သူငယ်ချင်းအုပ်စုများ ပျော်ရွှင်ဖွယ် ဘတ်စကတ်ဘော ကစားနိုင်မှာပဲဖြစ်ပါတယ်။

Source: Shutterstock

Pool Party ကျင်းပတဲ့ ရေကန်ထဲမှာ သောက်စရာ အဖျော်ယမကာများသာမက အသင့်စားသုံးနိုင်မယ့် စားသောက်ဖွယ်ရာများကိုလည်း စီမံထားပေးသင့်ပါတယ်။ Floating Trays များဖြင့် စားကောင်းသောက်ဖွယ်များကို ပါတီတက်ရောက်သူများအကြိုက် စီစဉ်ပေးလိုက်ပါ။