၁၉၉၀ ခုနှစ်ဖွားတွေဆိုသိမှာပါ။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ခေတ်စားခဲ့တဲ့ စတိုင်တွေနဲ့အခုဟာ တော်တော်ကွာခြားနေပြီဆိုတာကို သတိထားမိမှာပါ။ အမျိုးသမီးဖက်ရှင်တင်မဟုတ်ပဲ အမျိုးသားတွေရဲ့ ဆံပင်စတိုင်လ်တွေ အဝတ်အစားစတိုင်လ်တွေကအစ အရင်တုန်းက ရေပန်းစားခဲ့တာနဲ့ လတ်တလော ရေပန်းစားတာနဲ့ ဘယ်လိုတွေမတူပဲ ပြောင်းလဲလာကြောင်းကို အနည်းငယ်ယှဉ်ပြပေးချင်ပါတယ်။

အရင်

Source: buzzfeed.com

ဆံပင်ကေဆို Bowl Cuts ခလယ်ခွဲပုံစံဟာ အတော်လေးခေတ်စားပါတယ်။

ယခု

Source: buzzfeed.com

ဒီနေ့ခေတ်မှာတော့ Shave လုပ်တာတွေအပြင် အတိုကိုဆံပင်ကေစတိုင်မျိုးစုံ ညှပ်ကြပါတယ်။

အရင်

Source: buzzfeed.com

ပါဝါရိမ်းဂျားမျက်မှန်တွေလိုလို Sunglasses တွေကို များသောအားဖြင့်ဝတ်ကြပါတယ်။

ယခု

Source: buzzfeed.com

နေကာမျက်မှန်တွေဆို Mirrored Aviator Style ဟာရေပန်းအစားဆုံးပါ။

အရင်

Baggy Bowling Shirt လို့ခေါ်တဲ့ ရှပ်အင်္ကျီ အစင်းအပွတွေကို များသောအားဖြင့်ဝတ်ကြပါတယ်။

ယခု

Source: buzzfeed.com

ခုနောက်ပိုင်းမှာ အဝတ်များတာက Patterned ရှပ်အင်္ကျီ လက်တိုတွေပါ။

အရင်

ဂျင်းဘောင်းဘီတွေဆို ဒဲ့အပွတွေ ခေါင်းလောင်းဘောင်းဘီ အပွကြီးတွေခေတ်စားခဲ့ပါတယ်။

ယခု

Source: buzzfeed.com

ဒီနေ့ခေတ်မှာ အမျိုးသားတော်တော်များများဟာ Fit နဲ့ Skinny Jeans တွေကို ဦးစားပေးဝယ်ကြပါတယ်။

အရင်

၁၉၉၀ ခုနှစ်တွေမှာ Chunky Laces ဖိနပ်တွေ Chunky Sneakers တွေ ဟာလူကြိုက်များခဲ့ပါတယ်။

ယခု

Source: buzzfeed.com

ခုလိုဖက်ရှင်တွေ အဆင့်မြင့်လာတဲ့ ခေတ်မှာတော့ Woven Sneakers တွေကို အစားထိုးလာကြပါတယ်။

အရင်

Baja Hoodies ခေါင်းစွပ်တွေကို စတိုင်ကျကျဝတ်ဆင်ခဲ့ကြပါတယ်။

ယခု

Source: buzzfeed.com

Graphics Hoodies ခေါ် စာတန်းတွေပါတဲ့ ခေါင်းစွပ်အင်္ကျီတွေဟာ စတိုင်အကျဆုံးပါ။ Stickers တွေပါတဲ့ Tees တွေကနေတာ့ အရင်ကရော ယခုရော သိပ်မပြောင်းလဲပဲ ခေတ်စားလျက်ရှိပါတယ်။ နောက်ထပ် ဖက်ရှင်ပြောင်းလဲမှုတွေကျန်သေးလို့ ဆက်လက်ဖော်ပြပေးသွားဦးမှာဖြစ်ပါတယ်။