ဒီလရဲ့ ခေတ်အစားဆုံးတေးသီချင်းတွေက ဘယ်လိုတေးသီချင်းတွေလဲ။ ဘယ်သူ့တေးသီချင်းတွေလဲ။ တေးသီချင်းတွေကို အမြဲမပြတ်နားထောင်နေတဲ့ တေးချစ်သူတွေအတွက် ကိုယ် အမြဲနားထောင်နေတဲ့ သီချင်းတွေက ခုချိန်မှာရေပန်းအစားဆုံးတေးသီချင်းတွေ ဖြစ်နေမလား။ ခု လူတိုင်းနီးပါး နားထောင်နေကြတဲ့ တေးသီချင်းတွေကို သိချင်တယ်ဆိုရင်တော့ ခုပဲ ဖော်ပြပေးလိုက်မယ်နော်။

ကေကေမိုး  – မောင်မငိုရဘူးနော်

Source: Legacy Music Network

ခု အရမ်းခေတ်စားနေတဲ့ တေးသီချင်းထဲမှာ အဆိုတော် ကေကေမိုးရဲ့ မောင်မငိုရဘူးနော် ဆိုတဲ့ သီချင်းလေးက ထိပ်ဆုံးကနေ ရပ်တည်နေပါတယ်။ တေးရေးကတော့ အဆိုတော် လွှမ်းပိုင်ဖြစ်ပါတယ်။ ချစ်သူကို စွန့်ခွာဖို့ ပြောနေတဲ့ ဒီတေးသီချင်းကလည်း လူကြိုက်အရမ်းများနေပါတယ်

ရွှေထူး       –  လမ်းခွဲစကားက လွဲရင်ကြိုက်တာပြော

Source: Shwe Htoo Facebook

အဆိုတော် ကေကေမိုးက လမ်းခွဲဖို့ မုန်းဖို့မေ့ဖို့တောင်းဆိုနေပေမယ့် ရွှေထူးကတော့ လမ်းခွဲစကားက လွဲရင်ကြိုက်တာပြော ပါတဲ့။ လမ်းခွဲစကားက အရမ်းခါးလွန်းလို့ ကြားရတာနဲ့ ရူးသွားနိုင်တယ်တဲ့။ ကဲ…ဒီသီချင်းလေးကလည်း ဒီလမှာ ရေပန်းစားနေပါတယ်နော်။

သာဒီးလူ  –   လိုသလို သုံး

Source: Ther Dee Lu

ဒီ လိုသလို သုံးဆိုတဲ့ သီချင်းလေးကတော့ အဆိုတော် သာဒီးလူကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုထားတဲ့ တေးသီချင်းလေးပါ။ အချစ်တွေ အကုန်ပေးပြီး ချစ်ခဲ့ပေမယ့် ထွက်ခွာသွားတဲ့ ကောင်မလေးကို လိုအပ်တဲ့အခါ လိုသလို သုံးဖို့ တောင်းဆိုထားတဲ့ တေးသီချင်းလေးပါ။

ဖြိုးပြည့်    –  ကိုယ်စောင့်နတ်

Source: chordify.net

အဆိုတော် ဖြိုးပြည့်ကလည်း နင်ဟာ ငါ့တစ်ယောက်တည်းအတွက် ငါ့ရဲ့ ကိုယ်စောင့်နတ်ပါတဲ့။ သံစဉ်စာသားတွေက ချစ်တတ်တဲ့ သူတိုင်းအတွက် ရင်ဘတ်ထဲထိ ငြိစေပါတယ်။ ဒီသီချင်းလေးကလည်း သြဂုတ်လရဲ့ ရေပန်းအစားဆုံး တေးသီချင်းစာရင်းဝင်ပါပဲ။

နင်ဇီမေ  –  အသည်းကွဲတယ်ဆိုတာ (ကာဗာ)

Source: Legacy Music Network

ဒီသီချင်းလေးက cover song ဆိုပေမယ့်လည်း နင်ဇီမေ သီဆိုထားတဲ့ ပုံစံ ဟန်ပန် သီဆိုမှုတွေက ပရိသတ်ကို ကြိုက်နှစ်သက်သွားစေပါတယ်။ နင်ဇီမေ အဓိပ္ပါယ် ဖွင့်ပြထားတဲ့ အသည်းကွဲတယ်ဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာကို ခံစားနားဆင်ကြည့်ပါဦး။

အောင်ထက် –  သဘာဝနဲ့တွေ့ဆုံခြင်း

Source: mediafire.com

အောင်ထက်သီဆိုပြီး တေးရေး ရွှေဂျော်ဂျော် ရေးသားထားတဲ့ သဘာဝနဲ့တွေ့ဆုံခြင်း ဆိုတဲ့ သီချင်းလေးကလည်း လူတွေရဲ့ ရင်ထဲကို ငြိတွယ်စေပါတယ်။ အထူးသဖြင့် ယောကျာ်းလေးတွေ ပိုကြိုက်နှစ်သက်ကြတာကို တွေ့ရပါတယ်။ ဘယ်လို သဘာဝနဲ့ တွေ့ဆုံခဲ့တာပါလိမ့်

ဝေလ     –  နင်မသိတဲ့အချစ်

Source: Legacy Music Network

ဝေလရဲ့ သီချင်းတွေကလည်း လူကြိုက်များတဲ့ တေးသီချင်းတွေများပါတယ်။ အခု နင်မသိတဲ့အချစ် သီချင်းလေးကတော့ ဒီလထဲ လူကြိုက်အများဆုံး တေးသီချင်းထဲမှာပါဝင်နေပါတယ်။ နီးနီးလေးရှိရက်နဲ့ အဝေးကြီးလို မဆုံနိုင်တော့တဲ့ ကောင်မလေးကို ညွှန်းဖွဲ့သီဆိုထားတဲ့ တေးသီချင်းလည်း ဖြစ်ပါတယ်။

လေးဖြူ  – ယုံကြည်ရာ

Source: Myanmar Music Art

ဒီတေးသီချင်းကလည်း အမြဲလိုလို လူတိုင်း နားထောင်နေတတ်တဲ့ တေးသီချင်းပါပဲ။ လူကြိုက်အရမ်းများတဲ့ တေးသီချင်းဖြစ်ပြီး ဒီလအတွင်းမှာလည်း လူတွေ အများဆုံး နားထောင်ဖြစ်နေတဲ့ တေးသီချင်းပါ။ စိတ်ဓာတ်ကျနေချိန်မှာ အားပြန်ယူလို့ရတဲ့ တကယ်ကို အင်အားပြည့်စေတဲ့ တေးသီချင်းဖြစ်ပါတယ်။

ကေကေမိုး  –  ကျွန်မ

Source: Legacy Music Network

ဒီသီချင်းလေးကတော့ သီချင်းဆိုပြိုင်ပွဲတစ်ခုမှာ ပြိုင်ပွဲဝင်တစ်ယောက်ရဲ့ စာသားမေ့မှုတွေကြောင့် နောက်တစ်ရက်မှာ လူတိုင်းလိုလို ဖေ့ဘွတ်စာမျက်နှာပေါ် တင်လာကြတဲ့ သီချင်းဖြစ်ပါတယ်။ စာသားလေးတွေက ပါးပါးလေးနဲ့ လူတိုင်းရဲ့ နှလုံးသားကို ထိခတ်နိုင်တဲ့ တေးသီချင်းလေးဆိုလည်း မမှားပါဘူး။