လူတစ်ယောက်ရဲ့ဘ၀ အောင်မြင်တိုးတက်ဖို့အတွက် အဓိကကျတဲ့အချက်က ထိုလူမှာ ကိုယ်ပိုင်အရည်အချင်းတွေရှိနေဖို့ပါပဲ။ မည်သူ့အကူအညီမှမပါဘဲ ကိုယ်ပိုင်အရည်အချင်းနဲ့ပိုင်ဆိုင်တဲ့ အောင်မြင်မှုကသာလျှင် စစ်မှန်တဲ့အောင်မြင်မှုဖြစ်ပြီး အစဉ်တည်တံ့ခိုင်မြဲနိုင်မှာဖြစ်ပါတယ်။

ကိုယ့်ကိုကိုယ်သာ အားကိုးလိုစိတ်

Source: johndrury.biz

လူအများစုဟာ အောင်မြင်မှုတွေကိုရဖို့ တခြားသူတွေဆီက အကူအညီ၊ အထောက်အပံ့များကို မျှော်ကိုးလေ့ရှိကြပါတယ်။ မည်သူ့ဆီက၊ဘာအခွင့်အရေးတွေရနိုင်မလဲဆိုတဲ့ အတွေးတွေကို အမြဲတွေးနေတတ်တဲ့အတွက် ကိုယ့်မှာပိုင်ဆိုင်တဲ့ စစ်မှန်တဲ့အရည်အသွေးတွေကို ထုတ်သုံးဖို့မေ့နေတတ်ပါတယ်။

ကိုယ့်ကိုကိုယ်သာယုံကြည်စိတ်

Source: peakunderpressure.com

အောင်မြင်မှုရဲ့အဓိကသော့ချက်က ကိုယ့်ကိုကိုယ်ယုံကြည်စိတ်ရှိခြင်းပဲဖြစ်ပါတယ်။ မိမိကိုယ်ကို ယုံကြည်မှုပျက်ပြားနေပြီဆိုရင် ဆုံးရှုံးမှုတွေနဲ့ နီးကပ်လာနေပြီဆိုတာ သိထားသင့်ပါတယ်။

အစွမ်းအစရှိတဲ့သူအဖြစ် ကြိုးစားလိုစိတ်

Source: Predictive Synergistic Systems

ဓားတစ်လက်ဟာ ဒီတိုင်းထားတဲ့အခါ တုံးလာတတ်ပါတယ်။ အမြဲသွေးနေမှသာ ထက်မြက်တဲ့ဓားကောင်းတစ်လက် ဖြစ်လာနိုင်မှာပါ။ ထို့အတူ လူတစ်ယောက်ရဲ့အရည်အချင်းဟာလည်း အမြဲထက်မြက်နေဖို့အတွက် ကြိုးစားမှုဆိုတဲ့ လုံ့လ၊ ၀ီရိယတွေရှိနေသင့်ပါတယ်။

ကိုယ်ပိုင်အတွေးအခေါ်ကို အသုံးချလိုသောစိတ်

Source: Shutterstock

လူအများပြောစကားတိုင်းကို ယုံကြည်နေလို့မဖြစ်ပါဘူး။ ကိုယ်ပိုင်အတွေးအခေါ်၊ အယူအဆတွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီးမှသာ လက်ခံသင့်သည်ကိုလက်ခံ၍ ငြင်းဆန်သင့်သည်များကို ငြင်းဆန်ရမှာဖြစ်ပါတယ်။ ကိုယ်ပိုင်အတွေးအခေါ်မရှိတဲ့သူတစ်ယောက်ဟာ ဘယ်လိုမှအောင်မြင်တဲ့ဘ၀ကို ပိုင်ဆိုင်ရမှာမဟုတ်ပါဘူး။