ချစ်သူနဲ့ပထမဆုံးတွေ့ဆုံဖို့ ချိန်းဆိုထားတဲ့နေ့က ရင်ခုန်စိတ်လှုပ်ရှားစရာအကောင်းဆုံး နေ့တစ်နေ့ပဲဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အမျိုးသားတစ်ယောက်အနေနဲ့ ကိုယ့်ချစ်သူစိတ်ပျက်မသွားစေဖို့ ပြင်ဆင်စရာတွေက အများကြီးလိုအပ်ပါတယ်။

တကိုယ်ရည်သန့်ရှင်းရေးသတိပြုပါ

Source: Healthable

ပထမဆုံးဂရုပြုရမယ့်အချက်က တကိုယ်ရည်သန့်ရှင်းရေးပါပဲ။ ခေါင်းမလျှော်မိတာမျိုး၊ ချွေးသံတရွှဲရွှဲနဲ့ သန့်ရှင်းမှုအားနည်းတာမျိုးက ပထမဆုံးတွေ့ဆုံမှုအတွက် လုံးဝမဖြစ်သင့်တဲ့ကိစ္စမျိုးပဲဖြစ်ပါတယ်။

ခံတွင်းကိုဂရုစိုက်ပါ

Source: South China Morning Post

ယောက်ျားလေးအများစုက ဆေးလိပ်သောက်သုံးခြင်း၊ ကွမ်းယာစားသုံးခြင်းများ ပြုလုပ်တတ်ကြပါတယ်။ ပထမဆုံးတွေ့ဆုံမှုမှာ ကိုယ်ကယောက်ျားလေးတစ်ယောက်အနေနဲ့ ချိုသာတဲ့စကားတွေ အများကြီးပြောရမှာဖြစ်ပါတယ်။ ကိုယ့်ခံတွင်းက အနံ့အသက်မကောင်းရင် ချစ်သူလေးက နှာခေါင်းရှုံ့ထွက်ပြေးသွားနိုင်ပါတယ်။

အဝတ်အစားစတိုင်

Source: relaciones.uncomo.com

ပထမဆုံးတွေ့ဆုံမှုမှာ အရေးကြီးတဲ့အချက်တစ်ချက်က ကိုယ့်ရဲ့ဝတ်စားဆင်ယင်မှုစတိုင်ပဲဖြစ်ပါတယ်။ ကိုယ်နဲ့လိုက်ဖက်ညီတဲ့ အဝတ်အစားမျိုးကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ မလိုက်ဖက်တဲ့အရောင်အဆင်းတွေ၊ ဖက်ရှင်စတိုင်တွေကို ရှောင်ရှားသင့်ပါတယ်။

မျက်နှာထား

Source: Love Systems

ချစ်သူနဲ့ပထမဆုံးတွေ့ဆုံရတဲ့အခါ ကိုယ့်ရဲ့မျက်နှာထားက ချိုမြိန်နေဖို့လိုအပ်ပေမယ့် အရမ်းကြီးပိုသွားဖို့လည်း မသင့်တော်ပါဘူး။ ယောက်ျားတစ်ယောက်အနေနဲ့ ကိုယ့်ချစ်သူအပေါ်မှာ နူးညံ့ချိုသာရမှာဖြစ်ပေမယ့် လိုတာထက်ပိုသွားရင်လည်း မိန်းကလေးကမနှစ်သက်တတ်ပါဘူး။