ပြည်ပကို ထိုးဖောက်ကာ နေရာတစ်နေရာ ရရှိလောက်အောင် ကြိုးစားမှုနှင့် စွမ်းဆောင်နိုင်တဲ့ မြန်မာပြည်ဖွား လူငယ်လူရွယ်များအား
ရှာဖွေဖော်ထုတ်ကာ အသိအမှတ်ပြု ချီးမြှောက်ပေးဖို့ ရည်ရွယ်ကာ Grand Royal မှဦးစီးပြီး  “Pride Of Myanmar Awards” ကို နယ်ပယ်အမျိုးမျိုးမှ ကျွမ်းကျင်သူများကို ထည့်သွင်းပြီး Online Voting စနစ်နဲ့ မိဘ ပြည်သူများလည်း ပါဝင်ခွင့်ရအောင် လက်ရှိအကောင်အထည်ဖော်ထားပါတယ်။

စာပေ၊ အနုပညာ၊ စီးပွားရေး၊ လူထုအကျိုးပြု၊ ဖျော်ဖြေရေး၊ဖက်ရှင်၊ အားကစား နှင့် ဆိုရှယ်မီဒီယာလွှမ်းမိုးနိုင်သူ အစရှိတဲ့ နယ်ပယ် (၇) ခုမှ ပါရမီရှိသူများကို မြန်မာ့ဂုဏ်ဆောင်များအဖြစ် များကို အသိအမှတ်ပြုတဲ့အနေနဲ့ ရည်ရွယ်ပြီး ပြုလုပ်ပေးခြင်းလည်းဖြစ်ပါတယ်။ သက်ဆိုင်ရာနယ်ပယ်တစ်ခုချင်းစီမှ အနိုင်ရရှိသူများကို အမိမြန်မာမြေပေါ်တွင် ပြန်လည် ဆုချီးမြှင့်သွားမည်ဖြစ်ပြီး ‘Pride of Myanmar Awards” ကိုပေးအပ်သွားမှာပဲဖြစ်ပါတယ်။

Pride Of Myanmar Awards ကိုပေးနိုင်ဖို့ရာ အကဲဖြတ်လူကြီးများက ဦးစီးပြီး နယ်ပယ်အရပ်ရပ်တွင် မြန်မာနိုင်ငံမှ အတော်ဆုံးဟု
သတ်မှတ်ရလောက်တဲ့ သူများထဲမှာမှ  သေချာစီစစ်ရွေးချယ်ထားတာလည်းဖြစ်ပါတယ်။  အကဲဖြတ်လူကြီးမင်းများ အားလုံးသဘောတူရွေးချယ်ထားသော စကာတင်ရွေးထားသူများဟာ ဆိုရင်နယ်ပယ် အသီးသီးမှာ ထူးချွန်ပြောင်မြောက်တာကြောင့် မြန်မာနိုင်ငံရဲ့ အထင်ပေါ်ကျော်ကြားဆုံး ဖြစ်လာသူများ ကိုအကဲဖြတ်များက သက်ဆိုင်ရာနယ်ပယ်များအတွက်
ပါဝင်ပတ်သက်မှု၊ ထူးချွန်မှု၊ အစွမ်းအစနှင့် အားသာချက်တို့ကိုကြည့်ကာ ဆုရွေးချယ်ရေးအတွက် ချမှတ်ထားသည့် စံနှုန်းများနှင့်အညီ အကဲဖြတ်ရွေးချယ်ထားတာဖြစ်တဲ့အပြင် နောက်ဆုံးအဆင့်အနေနဲ့ Pride Of Myanmar Awards  အကဲဖြတ်အဖွဲ့နှင့်အတူ လူထုမဲပေးမှု Online Voting စနစ်ကို ပေါင်းစပ်ကာ အမှတ်ပေးပြီး  ရွေးချယ်ပေးသွား မှာပဲဖြစ်ပါတယ်။

မြန်မာ့ ဂုဏ်သိက္ခာကို အလေးအနက်ထားတဲ့အတွက် မြန်မာကို ကမ္ဘာကသိလာအောင် ဂုဏ်ဆောင်ပေးခဲ့သော ပါရမီရှင်များအား
Pride Of Myanmar Awards ချီးမြှင့်ပေးကာ အသိအမှတ်ပြုချင်သော စိတ်ဆန္ဒဖြင့် Grand Royal မှပြုလုပ်ပေးနေတာပဲဖြစ်ပါတယ်။ မျက်မှောက်ခေတ် မြန်မာ့လူ့အဖွဲ့အစည်းကို လမ်းညွှန်ပုံဖော်ပေးနေတဲ့ လေးစားအားကျဖွယ်ကောင်းသော စံပြပုဂ္ဂိုလ်များရဲ့ အကူအညီနဲ့
ထက်မြက်သောအရည်အချင်းရှိသည့် ပါရမီရှင်များကို ရှာဖွေလျက်ရှိသည်။ ထိုကဲ့သို့ ပါရမီရှင်များမှာ လက်ရှိမြန်မာနိုင်ငံကို ပုံဖော်နေရုံသာမက အနာဂါတ်နိုင်ငံတော်အတွက်ပါ လမ်းဖောက်နေသူများလည်းဖြစ်လို့ မြန်မာပြည်ဖွား စိန်ရိုင်းတုံးလေးများကို  ကမ္ဘာပေါ်မှာ တောက်ပနိုင်ဖို့ရာ မိဘပြည်သူများဘက်မှလည်း မဲပေးခြင်းဖြင့် ကူညီရှာဖွေဖော်ထုတ်ပေးမယ်လို့ မျှော်လင့်ပါတယ်။

Pride of Myanmar Awards ဟာ သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာ အောင်မြင်မှုတွေ ရယူခဲ့ကြတဲ့ နိုင်ငံ့ဂုဏ်ဆောင် ပုဂ္ဂိုလ်တွေကို လေးစားစွာ ဂုဏ်ပြုလိုက်တဲ့ ပထမဆုံးသောဆုလည်း ဖြစ်ပါတယ်။  ယခုပဲ ဒီ Link လေးထဲ ဝင်ပြီး Vote လုပ်လိုက်ပါ။

( https://prideofmyanmarawards.com/ )