မိမိကိုယ်တိုင်ဖြစ်စေ၊ မိတ်ဆွေတစ်ဦးရဲ့ အကူအညီတောင်းမှုအရဖြစ်စေ Home Party တစ်ခု ကျင်းပဖို့အတွက် ပြင်ဆင်တော့မယ်ဆိုပါစို့။ ဘယ်ကစပြီး ဘယ်လိုပြင်ဆင်ကြမလဲ။ တကယ့်ကို ပရော်ဖက်ရှင်နယ်ကျတဲ့ စီမံခန့်ခွဲမှုများနဲ့ Home Party တစ်ခုကို စီစဉ်ကြည့်လိုက်ပါ။

နံပါတ်(၁) လူစာရင်း

Source : Lost At E Minor

Home Party ကိုတက်ရောက်ဖို့အတွက် ဖိတ်ကြားမယ့် လူစာရင်းကို ပထမဆုံး ပြုစုလိုက်ပါ။ ဘယ်သူငယ်ချင်းတွေကိုဖိတ်မယ်၊ အပေါင်းအသင်း ဘယ်နှစ်ယောက်ကို ဖိတ်မယ်ဆိုတဲ့ အစီအစဉ်က စတင်လိုက်ပါ။

နံပါတ်(၂) နေရာ

Source: Casa Del Mare

Home Party ကျင်းပချင်တာက ဟုတ်ပါပြီ။ ဘယ်လိုနေရာမှာ ကျင်းပကြမလဲဆိုတာကလည်း အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ Home Party ကျင်းပမယ့် အိမ် (သို့) ခြံဝန်းဟာ ပါတီပွဲကျင်းပဖို့အတွက် လုံလောက်တဲ့ အကျယ်အဝန်းနဲ့ လုံခြုံမှုရှိဖို့ လိုအပ်ပါတယ်။

နံပါတ်(၃) အပြင်အဆင်

Source: O2learning.org

လူစာရင်းလည်း သတ်မှတ်ပြီးသွားပြီ။ ကျင်းပမယ့် နေရာကိုလည်း ရွေးချယ်ပြီးသွားပြီ ဆိုတဲ့အခါမှာ တတိယ အဆင့်အနေနဲ့ ပျော်ရွှင်ဖွယ် ပါတီပွဲတစ်ခုဖြစ်ဖို့ လှပတဲ့ အပြင်အဆင်တွေ လိုအပ်လာပါပြီ။ မီးလုံးတွေ၊ ပန်းတွေ၊ ဖဲကြိုးတွေအပြင် ပန်းကန်၊ ခွက် စတဲ့ အသုံးအဆောင်ပစ္စည်းတွေကို အလှပဆုံး၊ အသန့်ရှင်းဆုံးဖြစ်အောင် ပြင်ဆင်ရမှာ ဖြစ်ပါတယ်။

နံပါတ်(၄) အစားအသောက်များ

Source : thefrenchkitchen.com.au

ပြီးပြည့်စုံတဲ့ Home Party တစ်ခုမှာ အစားအသောက်ကောင်းတွေ ရှိနေရမှာပဲဖြစ်ပါတယ်။ ဘီယာ၊ ဝိုင် စတဲ့ အဖျော်ယမကာ ကောင်းကောင်းတွေ လိုအပ်သလို အရသာရှိလှတဲ့ အစားအစာတွေ၊ လတ်ဆတ်တဲ့သစ်သီးတွေဟာလည်း မပါမဖြစ် ပါဝင်ရမယ့် အရာတွေပဲ ဖြစ်ပါတယ်။

နံပါတ်(၅) တေးဂီတ

Source : bandooevents.com

Music မပါပဲ Home Party တစ်ခုဟာ ဘယ်လိုမှ မပြည့်စုံနိုင်ပါဘူး။ သူငယ်ချင်းတွေနဲ့ စုပေါင်းဆင်နွှဲမယ့် Home Party မှာ ဘယ်လိုမြူးမြူးကြွကြွ ဂီတတွေကို ဖျော်ဖြေပေးမလဲဆိုတာ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။

နံပါတ်(၆) အန္တရာယ်ကင်းစွာ ပြီးဆုံးခြင်း

Source : bandooevents.com

Home Party တစ်ခုကျင်းပတဲ့အခါ ပွဲအစမှဆုံးတဲ့အထိ တက်ရောက်ဆင်နွှဲသူအားလုံး အန္တရာယ်ကင်းစွာ ပျော်ရွှင်နိုင်ဖို့ကို အထူးဂရုပြုပေးရမှာဖြစ်ပါတယ်။