အနက်ရောင် ရှုးဖိနပ်တွေနဲ့ ကာကီရောင်ဘောင်းဘီတွေဟာ မလိုက်ဖက်ဘူး တွဲမဝတ်သင့်ဘူးလို့ ဖက်ရှင် အမြင်အရ အရင်ကတည်းက သတ်မှတ်ထားခဲ့ကြတာပါ ။ ဖက်ရှင်အနေနဲ့မဟုတ်ပဲ အရောင်ရှုထောင့်က ကြည်မယ်ဆိုလည်း အမဲရောင်နဲ့ အဝါဖက်သွားတဲ့အသားရောင်(ကာကီရောင်) ဟာ တွဲဖက်ရင် ဆွဲဆောင်မှုမရှိပါဘူး။ အနက်ရောင်ကို Obsess မဖြစ်တဲ့ အမျိုးသားမရှိပါဘူး အများစုဟာ အရောင်မှောင်လေ ပိုကြိုက်လေပါပဲ။ အနက်တွေနဲ့ အလိုက်ဖက်ဆုံးအရောင်တွေကတော့ Gray မီးခိုးရောင်တို့ Navy နက်ပြာရောင်တို့ဖြစ်ပြီး ဖက်ရှင်အရလည်းဝတ်သင့်တယ်လို့ ယူဆထားကြတဲ့အရောင်တွေပဲဖြစ်ပါတယ်။

Source: thetrendspotter.net

နောက်ပိုင်းဖက်ရှင်လောကရဲ့Evolution ပြောင်းလဲမှုအရ Khaki ၊ Beige ၊ White စတဲ့အရောင်တွေ ကိုအာရုံစိုက်လာကြတာနဲ့ အမျှဒီ Shades အရောင်တွေကို ဘာနဲ့တွဲဝတ်သင့်လဲဆိုတာကို အဖြေရှာလာကြပါတယ်။ ဒီတော့ အနက်ရဲ့ Nature အရဘာနဲ့တွဲတွဲ လိုက်ဖက်တယ်ဆိုပေမယ့် ကာကီနဲ့ကတော့ လုံးဝ Crossroad ဖြစ်နေပါတယ်။ သို့ပေမယ့် Khaki Shades ထဲမှာမှ ကာကီရောင်အဖျော့ကတော့ အနက်ရောင်ရဲ့ Fashionable Vibe ကိုမဆန့်ကျင်ဘူးဆိုတာကို တွေ့ရပါတယ်။ ကာကီရောင်အဖျော့ကရှားတော့ရှားပါတယ် အသားရောင်ဆန်ဆန်ပေါ့။

 

Source: thetrendspotter.net

ဒီတော့ ဖက်ရှင် Experts တွေယူဆလိုက်တာက အညိုဖက်သွားတဲ့ ကာကီရောင်အနုဟာ အနက်တွေနဲ့ လိုက်ဖက်တယ်ပေါ့။ တစ်ခါတစ်လေကျရင် အမြင်ဆန်းအောင် တခြားသူတွေ ဝတ်လေ့မရှိတာကိုတွဲဖက်ပြီးဝတ်ဆင်သင့်ပါတယ်။ တစ်ချို့ဆို ကာကီရောင် Suit တွေနဲ့ Black Shoes တွေကိုတောင်တွဲဝတ်ကြပါတယ်။ တကယ်လို့သင်ဟာ သူများနဲ့ Different ဖြစ်တဲ့ Clothing Combos ကိုဝတ်ချင်ရင်တော့ The New Classic ဖြစ်တဲ့ ကာကီရောင်အဖျော့နဲ့ အနက်ရောင် Shoes ဒါမှမဟုတ် Boots တွေကို စမ်းဝတ်ကြည့်သင့်တယ်လို့ Recommend ပေးချင်ပါတယ်။

Source: thetrendspotter.net