ဘာစီလိုနာအသင်းဟာ ဘရာဇီးလ်လက်ရွေးစင်ကြယ်ပွင့် ကော်တင်ဟိုကို ဘိုင်ယန်မြူးနစ်အသင်းကို အငှားချခဲ့တဲ့အတွက် ဒေါသထွက်နေတယ်လို့ သိရပြီး နေမာကို ခေါ်ယူလိုတဲ့ဘာစီလိုနာအသင်းရဲ့စိတ်ဆန္ဒကို မေးခွန်းထုတ်စရာဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

Source: Daily Mail

ဘာစီလိုနာအသင်းဟာ နူးကမ့်ကို ပြန်လာချင်နေတဲ့ ကြယ်ပွင့်တိုက်စစ်မှူး နေမာအတွက် ကော်တင်ဟိုနဲ့ ရာကီတစ်တို့ကို အပြောင်းအရွှေ့မှာ အလိုက်ပေးကမ်းလှမ်းခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီအသင်းက ကော်တင်ဟိုနဲ့ ဒမ်ဘီလီကို အလိုက်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ပြီးခဲ့တဲ့အပတ်က သတင်းတွေထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ကော်တင်ဟိုကို ဘာစီလိုနာအသင်းက ဘိုင်ယန်မြူးနစ်အသင်းဆီ ယူရိုသန်း ၁၂၀ နဲ့ အပြီးသတ်ခေါ်ယူခွင့်ပါဝင်တဲ့ အငှားစာချုပ်နဲ့ အငှားချခဲ့တာကြောင့် ပီအက်စ်ဂျီကြယ်ပွင့် နေမာကို ပီအက်စ်ဂျီအသင်းကနေ ခေါ်ယူနိုင်မယ့်အနေအထားမရှိတော့ဘူးလို့ သိရပါတယ်။

Source : 90Min

ပီအက်စ်ဂျီအသင်းက နေမာရဲ့ အပြောင်းအရွှေ့မှာ ကော်တင်ဟိုက အဓိကကျတဲ့ကစားသမားအဖြစ် မှတ်ယူထားတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ နေမာအတွက် ရီးရဲမက်ဒရစ်အသင်းကို ဗာရာနီနဲ့ ဗင်နစ်ရှပ်ဂျူနီယာတို့ ၂ ဦးကို အလိုက်ပြန်ပေးဖို့ ကမ်းလှမ်းလိုတဲ့ဆန္ဒရှိနေတယ်လို့ Telefoot ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်အသင်း ထိပ်ပိုင်းတာဝန်ရှိသူတွေက အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘရာဇီးလ်ကြယ်ပွင့် နေမာအတွက် အသင်းရဲ့ လူငယ်ကစားသမား ၂ ဦးဖြစ်တဲ့ ဗာရာနီနဲ့ ဗင်နစ်ရှပ်တို့ကို စတေးလိုတဲ့ဆန္ဒရှိမှာမဟုတ်ဘူးလို့ နားလည်ရပါတယ်။

Source: FC Naija

ပီအက်စ်ဂျီအသင်းနည်းပြ သောမတ်စ်တူချယ်ကလည်း မနေ့က ရန်းနက်စ်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ နေမာအတွက် အစားထိုးခေါ်ယူမှုမပြုလုပ်ဘဲ အသင်းကနေ ထွက်ခွာခွင့်ပြုဖို့ မဖြစ်နိုင်ကြောင်း ပြောကြားထားပြီး ရီးရဲလ်မက်ဒနစ်အသင်းကသာ ဗာရာနီနဲ့ ဗင်နစ်ရှပ်တို့ကိုသာ စတေးခံနိုင်မယ်ဆိုရင် အပြောင်းအရွှေ့ဖြစ်မြောက်ဖွယ်ရှိနေပါတယ်။