[Zawgyi]

ပီအက္စ္ဂ်ီကြင္းလယ္ကစားသမား လီအန္ဒရိုပါရီဒက္စ္ဟာ ၿပီးခဲ့တဲ့ၾသဂုတ္လကေန ယေန႔အခ်ိန္အထိ ပီအက္စ္ဂ်ီအသင္းအတြက္ တစ္ပြဲသာ ပါဝင္ကစားခြင့္ရရွိထားသူျဖစ္ၿပီး အသင္းတာဝန္ရွိသူေတြရဲ႕ ႏွစ္သက္ျခင္းမခံရသူျဖစ္တယ္ဆုိတာကို ညႊန္ျပေနတာျဖစ္ပါတယ္။

အာဂ်င္တီးနားကြင္းလယ္ၾကယ္ပြင့္ ပါရီဒက္စ္အေနနဲ႔ အီတလီကို ျပန္သြားကစားဖို႔ ျဖစ္ႏုိင္ဖြယ္ရွိတယ္လုိ႔ Calciomercato က ယံုၾကည္ေနၿပီး ပါရီဒက္စ္ဟာ ရိုးမားအသင္းမွာ ကစားခဲ့ဖူးၿပီး ၂၀၁၇ ခုႏွစ္မွာ ပီအက္စ္ဂ်ီထက္ ဇင္းနစ္စိန္႔ပီတာစ္ဘတ္ကို ေျပာင္းေရႊ႕ဖို႔ ေရြးခ်ယ္ခဲ့သူျဖစ္ပါတယ္။

Source: calciomercato

ပါရီဒက္စ္အေနနဲ႔ အီတလီကို ျပန္သြားဖို႔က အၿပီးသတ္ေခၚယူခြင့္ပါဝင္တဲဲ့ အငွားစာခ်ဳပ္နဲ႔ေရာ အၿပီးသတ္ေခၚယူခြင့္မပါဝင္တဲ့ အငွားစာခ်ဳပ္နဲ႔ပါ ျဖစ္ႏုိင္တယ္လို႔ သိရၿပီး ပါရီဒက္စ္ကို စိတ္ဝင္စားေနတဲ့ လက္တဆုပ္စာအသင္းေတြ ရွိေနႏုိင္ပါတယ္။

ပါရီဒက္စ္ကို စိတ္ဝင္စားေနတဲ့ လက္တဆုပ္စာအသင္းေတြထဲမွာ ဂ်ဴဗင္တပ္အသင္း ပါဝင္ေနမွာ အေသအခ်ာျဖစ္ၿပီး ဂ်ဴဗင္တပ္အားကစားဒါရိုက္တာ ပရာတီစီဟာ ပါရီဒက္စ္ရဲ႕ အမာခံပရိသတ္ျဖစ္သလုိ ပါရီဒက္စ္ကလည္း ဂ်ဴဗင္တပ္ကို ေျပာင္းေရႊ႕ခြင့္ရမယ့္အခြင့္အေရးကို ျငင္းပယ္ဖြယ္မရွိဘူးလို႔ ယူဆရပါတယ္။

Source: psgtalk

ေအစီမီလန္အသင္းက ပါရီဒက္စ္ကို အရင္တုန္းက စိတ္ဝင္စားအမ်ားအျပား ျပသခဲ့ဖူးျခင္းမရွိေပမယ့္လည္း ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ တန္ဖိုးနည္းအေျပာင္းအေရႊ႕ျပဳလုပ္ခ်င္ေနတဲ့ ေအစီမီလန္အသင္းက ပါရီဒက္စ္ကို ေခၚယူဖို႔ဆႏၵရွိေနလိမ့္မယ္လုိ႔ သိရပါတယ္။

ေနာက္ထပ္စီးရီးေအထိပ္သီးအသင္းႀကီးျဖစ္တဲ့ အင္တာမီလန္အသင္းကလည္း အရည္အေသြးရွိ ကြင္းလယ္ကစားသမားေတြ ပို္င္ဆုိင္ထားၿပီးျဖစ္ေပမယ့္ ပါရီဒက္စ္ကို ဒုတိယရာသီဝက္မွာ အလွည့္က်အသံုးျပဳဖို႔အတြက္ ေရြးခ်ယ္စရာတစ္ခုအျဖစ္ ေခၚယူႏုိင္တယ္လို႔ သိရပါတယ္။

 

[Unicode]

ပီအက်စ်ဂျီကွင်းလယ်ကစားသမား လီအန်ဒရိုပါရီဒက်စ်ဟာ ပြီးခဲ့တဲ့သြဂုတ်လကနေ ယနေ့အချိန်အထိ ပီအက်စ်ဂျီအသင်းအတွက် တစ်ပွဲသာ ပါဝင်ကစားခွင့်ရရှိထားသူဖြစ်ပြီး အသင်းတာဝန်ရှိသူတွေရဲ့ နှစ်သက်ခြင်းမခံရသူဖြစ်တယ်ဆိုတာကို ညွှန်ပြနေတာဖြစ်ပါတယ်။

အာဂျင်တီးနားကွင်းလယ်ကြယ်ပွင့် ပါရီဒက်စ်အနေနဲ့ အီတလီကို ပြန်သွားကစားဖို့ ဖြစ်နိုင်ဖွယ်ရှိတယ်လို့ Calciomercato က ယုံကြည်နေပြီး ပါရီဒက်စ်ဟာ ရိုးမားအသင်းမှာ ကစားခဲ့ဖူးပြီး ၂၀၁၇ ခုနှစ်မှာ ပီအက်စ်ဂျီထက် ဇင်းနစ်စိန့်ပီတာစ်ဘတ်ကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့သူဖြစ်ပါတယ်။

Source: calciomercato
ပါရီဒက်စ်အနေနဲ့ အီတလီကို ပြန်သွားဖို့က အပြီးသတ်ခေါ်ယူခွင့်ပါဝင်တဲ့ အငှားစာချုပ်နဲ့ရော အပြီးသတ်ခေါ်ယူခွင့်မပါဝင်တဲ့ အငှားစာချုပ်နဲ့ပါ ဖြစ်နိုင်တယ်လို့ သိရပြီး ပါရီဒက်စ်ကို စိတ်ဝင်စားနေတဲ့ လက်တဆုပ်စာအသင်းတွေ ရှိနေနိုင်ပါတယ်။

ပါရီဒက်စ်ကို စိတ်ဝင်စားနေတဲ့ လက်တဆုပ်စာအသင်းတွေထဲမှာ ဂျူဗင်တပ်အသင်း ပါဝင်နေမှာ အသေအချာဖြစ်ပြီး ဂျူဗင်တပ်အားကစားဒါရိုက်တာ ပရာတီစီဟာ ပါရီဒက်စ်ရဲ့ အမာခံပရိသတ်ဖြစ်သလို ပါရီဒက်စ်ကလည်း ဂျူဗင်တပ်ကို ပြောင်းရွှေ့ခွင့်ရမယ့်အခွင့်အရေးကို ငြင်းပယ်ဖွယ်မရှိဘူးလို့ ယူဆရပါတယ်။

Source: psgtalk

အေစီမီလန်အသင်းက ပါရီဒက်စ်ကို အရင်တုန်းက စိတ်ဝင်စားအများအပြား ပြသခဲ့ဖူးခြင်းမရှိပေမယ့်လည်း ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ တန်ဖိုးနည်းအပြောင်းအရွှေ့ပြုလုပ်ချင်နေတဲ့ အေစီမီလန်အသင်းက ပါရီဒက်စ်ကို ခေါ်ယူဖို့ဆန္ဒရှိနေလိမ့်မယ်လို့ သိရပါတယ်။

နောက်ထပ်စီးရီးအေထိပ်သီးအသင်းကြီးဖြစ်တဲ့ အင်တာမီလန်အသင်းကလည်း အရည်အသွေးရှိ ကွင်းလယ်ကစားသမားတွေ ပိုင်ဆိုင်ထားပြီးဖြစ်ပေမယ့် ပါရီဒက်စ်ကို ဒုတိယရာသီဝက်မှာ အလှည့်ကျအသုံးပြုဖို့အတွက် ရွေးချယ်စရာတစ်ခုအဖြစ် ခေါ်ယူနိုင်တယ်လို့ သိရပါတယ်။