ရီးရဲယ္မက္ဒရစ္အသင္းဟာ ခ်ဲလ္ဆီးအသင္းရဲ႕ ေတာင္ပံကစားသမားျဖစ္သူ ဟာဇက္ကို ေခၚယူဖို႔အတြက္ အသည္းအသန္ ႀကိဳးစားလ်က္ရွိၿပီး လက္ရွိအခ်ိန္မွာေတာ့ ကစားသမားနဲ႔ ပုဂၢိဳလ္ေရး သေဘာတူညီမႈ ရရွိကာ ႏွစ္သင္းၾကား ေျပာင္းေရႊ႕ေၾကး ညွိႏိႈင္းရန္အတြက္သာ က်န္ရွိေတာ့ေၾကာင္း သတင္းမ်ားက ေဖာ္ျပလ်က္ရွိပါတယ္။ ဟာဇက္ဟာ လာမယ့္ ေဘာလံုးရာသီအကုန္မွာ ခ်ဲလ္ဆီးအသင္းနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆံုးမည္ျဖစ္ကာ လက္ရွိေဘာလံုးရာသီ ၿပီးဆံုးခ်ိန္မွာပဲ သူ႔ရဲ႕ အနာဂတ္ကုိ ဆံုးျဖတ္သြားမွာျဖစ္ေၾကာင္း ဖြင့္ဟေျပာၾကားထားပါတယ္။

Photo Credit : The SportsRush

အသက္ (၂၈) ႏွစ္အရြယ္ ဟာဇက္ဟာ ရီးရဲယ္မက္္ဒရစ္အသင္းမွာ ကစားခြင့္ရရွိေရးက သူ႔ရဲ႕ အိမ္မက္ျဖစ္ေၾကာင္း ႏွစ္ႀကိိမ္တုိင္တုိင္ ဖြင့္ဟဝန္ခံထားတ့ဲ အျပင္ လက္ရွိ ရီးရဲယ္မက္ဒရစ္အသင္းနည္းျပ ဇီဒန္းကလည္း သူ႔ရဲ႕ စံျပပုဂၢိဳလ္တစ္ဦးျဖစ္ေၾကာင္း ဝန္ခံထားတ့ဲ ကစားသမားတစ္ဦးလည္း ျဖစ္ပါတယ္။ ရီးရဲယ္မက္ဒရစ္အသင္းဟာ ၿပီးခ့ဲတ့ဲ ေႏြရာသီမွာ အသင္းက ထြက္ခြာသြားတ့ဲ တုိက္စစ္မွဴး ေရာ္နယ္ဒိုရဲ႕ ေနရာကို အစားထုိးဖို႔ ဟာဇက္ကို ရည္ရြယ္ေနတာျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ ရီးရဲယ္မက္ဒရစ္အသင္းေခါင္းေဆာင္ ရာမို႔စ္ကလည္း ဟာဇက္အသံုးျပဳေနတ့ဲ အင္စတာဂရမ္အေကာင့္ကို Follow လုပ္ခ့ဲၿပီျဖစ္ေၾကာင္း သိရွိရပါတယ္။

Photo Credit : Football Addict

လက္ရွိရီးရဲယ္မက္ဒရစ္အသင္းမွာ ကစားေနတ့ဲ ခ်ဲလ္ဆီးအသင္းေဖာ္ေဟာင္း ဂိုးသမား ေကာ္တုိအာကလည္း ဟာဇက္ကို အသင္းမွာ လာေရာက္ကစားဖို႔ အႀကိမ္ႀကိမ္ ဖိတ္ေခၚေနၿပီး အခုလိုမ်ိဳး ရာမုိ႔စ္တစ္ေယာက္ ဟာဇက္ရဲ႕ အင္စတာဂရမ္ အေကာင့္ကို Follow လုပ္ခ့ဲတာက ဟာဇက္ကုိ ေခၚယူဖို႔အတြက္ ရီးရဲယ္မက္ဒရစ္အသင္းရဲ႕ နည္းဗ်ဴဟာတစ္ခုျဖစ္ေၾကာင္း ပရိသတ္တစ္ဦးက တြစ္တာမွတစ္ဆင့္ သံုးသပ္ေျပာၾကားသြားခ့ဲပါတယ္။ ဒါေပမယ့္ ဟာဇက္ကလည္း ယူႏုိက္တက္အသင္းကို သေရက်ခ့ဲတ့ဲပြဲအၿပီးမွာ ခ်ဲလ္ဆီးအသင္းနဲ႔ အတူ ခ်န္ပီယံလိဂ္ ကစားခြင့္ရရွိဖုိ႔က သူ႔ရဲ႕ အိမ္မက္ျဖစ္ေၾကာင္း ဖြင့္ဟေျပာၾကားခ့ဲပါေသးတယ္။

Photo Credit : Marca

ခ်ဲလ္ဆီးအသင္းနည္းျပ ဆာရီကမူ ဟာဇက္ရဲ႕ ခ်ဲလ္ဆီး ကစားသမားဘဝ အနာဂတ္ ေရရာမႈ မရွိတ့ဲ အေၾကာင္းကုိ “ဘာေတြဆက္ျဖစ္မလဲ ကြ်န္ေတာ္ မသိပါဘူး။ ကလပ္အသင္းကိုပဲ ေမးၾကည့္လိုက္ပါ။ အဓိက ျပႆနာက စာခ်ဳပ္သစ္ကိစၥပါ။ ဒါေပမယ့္ ကြ်န္ေတာ္ကေတာ့ သူ႔ရဲ႕ ဆံုးျဖတ္ခ်က္ကို ေလးစားခ်င္ပါတယ္။ အသင္းနဲ႔သူက ေနာက္ထပ္ တစ္ရာသီ စာခ်ဳပ္သက္တမ္း က်န္ရွိေနၿပီး ေလာေလာဆယ္ အေျခအေနေတြကိုေတာ့ ကြ်န္ေတာ္ မသိသလို အေရးလည္း မႀကီးပါဘူး။ ဒါေပမယ့္ သူက အေကာင္းဆံုး ကစားေနတ့ဲအတြက္ ကြ်န္ေတာ္ ေပ်ာ္ရႊင္ရၿပီး ကြင္းအတြင္းမွာ သူက တုိက္ပြဲဝင္စိတ္ဓာတ္ အျပည့္နဲ႔ ကစားေနတာပါ။” ဟု ဖြင့္ဟေျပာၾကားမႈမ်ား ျပဳလုပ္သြားခ့ဲေၾကာင္း သိရွိရပါတယ္။

(Unicode)

ရီးရဲယ်မက်ဒရစ်အသင်းဟာ ချဲလ်ဆီးအသင်းရဲ့ တောင်ပံကစားသမားဖြစ်သူ ဟာဇက်ကို ခေါ်ယူဖို့အတွက် အသည်းအသန် ကြိုးစားလျက်ရှိပြီး လက်ရှိအချိန်မှာတော့ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိကာ နှစ်သင်းကြား ပြောင်းရွှေ့ကြေး ညှိနှိုင်းရန်အတွက်သာ ကျန်ရှိတော့ကြောင်း သတင်းများက ဖော်ပြလျက်ရှိပါတယ်။ ဟာဇက်ဟာ လာမယ့် ဘောလုံးရာသီအကုန်မှာ ချဲလ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ကာ လက်ရှိဘောလုံးရာသီ ပြီးဆုံးချိန်မှာပဲ သူ့ရဲ့ အနာဂတ်ကို ဆုံးဖြတ်သွားမှာဖြစ်ကြောင်း ဖွင့်ဟပြောကြားထားပါတယ်။

Photo Credit : The SportsRush

အသက် (၂၈) နှစ်အရွယ် ဟာဇက်ဟာ ရီးရဲယ်မက််ဒရစ်အသင်းမှာ ကစားခွင့်ရရှိရေးက သူ့ရဲ့ အိမ်မက်ဖြစ်ကြောင်း နှစ်ကြိိမ်တိုင်တိုင် ဖွင့်ဟဝန်ခံထားတဲ့ အပြင် လက်ရှိ ရီးရဲယ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းကလည်း သူ့ရဲ့ စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း ဝန်ခံထားတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ရီးရဲယ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီမှာ အသင်းက ထွက်ခွာသွားတဲ့ တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ နေရာကို အစားထိုးဖို့ ဟာဇက်ကို ရည်ရွယ်နေတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ရီးရဲယ်မက်ဒရစ်အသင်းခေါင်းဆောင် ရာမို့စ်ကလည်း ဟာဇက်အသုံးပြုနေတဲ့ အင်စတာဂရမ်အကောင့်ကို Follow လုပ်ခဲ့ပြီဖြစ်ကြောင်း သိရှိရပါတယ်။

Photo Credit : Football Addict

လက်ရှိရီးရဲယ်မက်ဒရစ်အသင်းမှာ ကစားနေတဲ့ ချဲလ်ဆီးအသင်းဖော်ဟောင်း ဂိုးသမား ကော်တိုအာကလည်း ဟာဇက်ကို အသင်းမှာ လာရောက်ကစားဖို့ အကြိမ်ကြိမ် ဖိတ်ခေါ်နေပြီး အခုလိုမျိုး ရာမို့စ်တစ်ယောက် ဟာဇက်ရဲ့ အင်စတာဂရမ် အကောင့်ကို Follow လုပ်ခဲ့တာက ဟာဇက်ကို ခေါ်ယူဖို့အတွက် ရီးရဲယ်မက်ဒရစ်အသင်းရဲ့ နည်းဗျူဟာတစ်ခုဖြစ်ကြောင်း ပရိသတ်တစ်ဦးက တွစ်တာမှတစ်ဆင့် သုံးသပ်ပြောကြားသွားခဲ့ပါတယ်။ ဒါပေမယ့် ဟာဇက်ကလည်း ယူနိုက်တက်အသင်းကို သရေကျခဲ့တဲ့ပွဲအပြီးမှာ ချဲလ်ဆီးအသင်းနဲ့ အတူ ချန်ပီယံလိဂ် ကစားခွင့်ရရှိဖို့က သူ့ရဲ့ အိမ်မက်ဖြစ်ကြောင်း ဖွင့်ဟပြောကြားခဲ့ပါသေးတယ်။

Photo Credit : Marca

ချဲလ်ဆီးအသင်းနည်းပြ ဆာရီကမူ ဟာဇက်ရဲ့ ချဲလ်ဆီး ကစားသမားဘဝ အနာဂတ် ရေရာမှု မရှိတဲ့ အကြောင်းကို “ဘာတွေဆက်ဖြစ်မလဲ ကျွန်တော် မသိပါဘူး။ ကလပ်အသင်းကိုပဲ မေးကြည့်လိုက်ပါ။ အဓိက ပြဿနာက စာချုပ်သစ်ကိစ္စပါ။ ဒါပေမယ့် ကျွန်တော်ကတော့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို လေးစားချင်ပါတယ်။ အသင်းနဲ့သူက နောက်ထပ် တစ်ရာသီ စာချုပ်သက်တမ်း ကျန်ရှိနေပြီး လောလောဆယ် အခြေအနေတွေကိုတော့ ကျွန်တော် မသိသလို အရေးလည်း မကြီးပါဘူး။ ဒါပေမယ့် သူက အကောင်းဆုံး ကစားနေတဲ့ အတွက် ကျွန်တော် ပျော်ရွှင်ရပြီး ကွင်းအတွင်းမှာ သူက တိုက်ပွဲဝင်စိတ်ဓာတ် အပြည့်နဲ့ ကစားနေတာပါ။” ဟု ဖွင့်ဟပြောကြားမှုများ ပြုလုပ်သွားခဲ့ကြောင်း သိရှိရပါတယ်။