မန်ယူအသင်းရဲ့တိုက်စစ်မှူးတစ်ယောက်အဖြစ် အသက် (၁၈) နှစ်အရွယ်ခြေချချိန်ထဲက အသင်းအတွက် ဂိုးတွေသွင်းပေးခဲ့တဲ့ ရပ်ဖိုဒ်၊ ထိုအတွက်ကြောင့်လည်း ဘောလုံးချစ်သူတွေက သူကို တလေးတစားကြည့်ခဲ့ကြပြီး အမှတ်ရဆုံးပွဲကတော့ အာဆင်နယ်ကို နှစ်ဂိုးသွင်းခဲ့တဲ့ပွဲစဉ်ပါ။ ယူနိုက်တက်ရဲ့ နံပါတ် (၁၀) ကျော်နံပါတ်ကို ၀တ်ဆင်ခွင့်ရထားပြီး အင်္ဂလန်ရဲ့လက်ရွေးစင်ဖြစ်တဲ့ ရပ်ဖိုဒ်ရဲ့ ငယ်ဘ၀လေးတွေကရော ဘယ်လိုဖြစ်မလဲ
Source: wallpapercave.com
(၁) သူကိုတော့ မန်ချက်စတာမြို့မှာ October 31, 1997 ကမွေးဖွားခဲ့ပါတယ်။ မန်ချက်စတာမြို့မှာ မွေးဖွားခဲ့ပြီး နှလုံးသားကလည်း သရဲနီတွေရဲ့ သင်္ကေတ အနီဘက်ကို ကြိုက်တာကြောင့် ယူနိုက်တက်ပရိသက်ငယ်စဉ်ထဲကဖြစ်ခဲ့ပါတယ်။
(၂) သူရဲ့ဖြစ်တည်လာမှုဟာ ယူနိုက်တက်ရဲ့ အကယ်ဒမီကို များစွာဂုဏ်တတ်စေခဲ့ပါတယ်။ ယခုအချိန်မှာ ခြေစွမ်းအနည်းငယ်ပျောက်နေခဲ့ပေးမဲ့လည်း ယူနိုက်တက်ပွဲတွေစကစားတုန်းကဆို သူရဲ့ ပါရမီကို လူတိုင်းကချီးကျူးကြပါတယ်။
(၃) သူဟာ အသင်းကြီးမှာသာမကဘဲ ယူနိုက်တက်ရဲ့ လူငယ်အသင်းမှာလည်း ဂိုးသွင်းအများဆုံးတိုက်စစ်မှူးတစ်ယောက်ဖြစ်ခဲ့ပါတယ်။
(၄) သူဟာ ယူနိုက်တက်မှာ စကစားချိန်တုန်းက တစ်ပတ်မှ ပေါင် (၅၀၀) သာရရှိခဲ့ပြီး ယခုအချိန်မှာတော့ ပေါင်များစွာကို ရရှိနေပြီလည်းဖြစ်ပါတယ်။
Source: wallpapercave.com
(၅) သူဟာ စတင်ကစားတဲ့ ပွဲချိန်တိုင်းမှာ ဂိုးသွင်းယူတတ်တဲ့ စံချိန်ကောင်းတစ်ခုရှိပါတယ်။ အင်္ဂလန်လူငယ်အသင်း၊ ယူနိုက်တက်လူငယ်အသင်းနဲ့ အသင်းကြီး သူတို့တွေနဲ့ ပွဲထွက်ရတဲ့ ပထမဆုံးပွဲတွေမှာပဲ ဂိုးသွင်းယူတတ်ပါတယ်။
(၆) သူဟာ ယူနိုက်တက်အတွက် ဂိုးစတင်သွင်းယူပေးတုန်းက အသက် (၁၈) နှစ်နဲ့ ရက် (၁၂၀) သာသာလောက်ပဲရှိပါသေးတယ်။