သီချင်းတွေက လူတွေရဲ့ စိတ်ဖိစီးမှုတွေကို ပြေပျောက်စေတယ်။ လျော့ကျစေတယ်။ ဒေါသထွက်တဲ့အချိန်၊ တစ်ယောက်တည်းအထီးကျန်နေတဲ့အချိန်တွေမှာ ချက်ချင်းဆိုသလိုပျောက်သွားစေတယ်။ ဒါတင်မဟုတ်သေးပဲ ကိုယ့်ရဲ့ အထီးကျန်နေတဲ့အချိန်မှာလည်း ကိုယ့်ရဲ့ ဘေးမှာ အဖော်ပြုပေးတယ်။

ဒီတော့ သီချင်းအမျိုးအစားတွေ အမြောက်အများရှိတဲ့ထဲကမှ အိမ်မှာပဲဖြစ်ဖြစ်၊ ခရီးထွက်တဲ့အခါပဲဖြစ်ဖြစ် ကိုယ်တစ်ယောက်တည်း အေးအေးဆေးဆေးအနားယူနေတဲ့အချိန်မျိုး၊ ကိုယ့်ချစ်သူနဲ့ အတူတူ ငြိမ့်ညောင်းသာယာတဲ့အချိန်မျိုးကို အကျိုးရှိရှိကုန်ဆုံးချင်တယ်ဆိုတဲ့ သူတွေအတွက် ငြိမ့်ညောင်းပြီး Calm ဖြစ်တဲ့ သီချင်းအမျိုးအစားဖြစ်တဲ့ R&B သီချင်းအမျိုးအစားကို နားထောင်သင့်ပါတယ်။

ဘယ်လို သီချင်းတွေက နားထောင်လို့အကောင်းဆုံးဖြစ်မလဲ။

Mariah Carey – Fantasy

အကောင်းဆုံးမှ အကောင်းဆုံးဖြစ်တဲ့ R&B သီချင်းတွေကို နားထောင်ချင်တဲ့သူဆိုရင်တော့ ခေတ်ဦးပိုင်းမှာ နာမည်ကျော်ကြားခဲ့တဲ့ အဆိုတော် Mariah Carey ရဲ့ သီချင်းတွေကို နားထောင်သင့်ပါတယ်။ Mariah Carey ဟာဆိုရင် ၁၉၉၀ ခုနှစ်နောက်ပိုင်းမှာ လူသားတိုင်းရဲ့ နှလုံးသားကို သူရဲ့ အချိုသာဆုံးနဲ့ သာယာတဲ့အသံလေးနဲ့ ဆွဲဆောင်နိုင်ခဲ့တဲ့သူပဲဖြစ်ပါတယ်။ သူမဆိုထားတဲ့ Fantasy ဆိုရင် အားလုံးအကြိုက်တွေ့စေမယ့် သီချင်းဖြစ်စေမှာပါ။

The Weekend – Call Out My Name

The Weekend ကတော့ ၂၀၁၆ ခုနှစ်မှာ Starboy နဲ့ နာမည်ကြီးလာတဲ့ R&B Singer ဖြစ်ပါတယ်။ Ariana Grande နဲ့လည်း Love Me Harder ဆိုတဲ့ သီချင်းကို အတူတွဲဆိုထုတ်လွှင့်ထားပါသေးတယ်။ ငြိမ့်ငြိမ့်ညောင်းညောင်း R&B သီချင်းမျိုးတော့မဟုတ်ပေမယ့် အမြူးဘက်ကို ပိုပြီး ဦးစားပေးတဲ့ R&B သီချင်းမျိုးဖြစ်ပါတယ်။

Whitney Houston – I Will Always Love You

ခေတ်ဦးပိုင်း သီချင်းတွေကို ကြိုက်လေ့ရှိတတ်ပြီး ကိုယ့်ချစ်သူနဲ့ အတူတူအချိန်ကုန်ဆုံးနေတဲ့အချိန်မှာ နားထောင်ချင်တယ်ဆိုရင်တော့ Whitney Houston ရဲ့ သီချင်းတွေက အကောင်းဆုံး ဖြစ်စေမှာပါ။ အချစ်သီချင်းတွေကို အသွေးထဲအသားထဲစိမ့်ဝင်နေအောင် စူးရှပြီး ပါဝါအပြည့်နဲ့ သီဆိုထားတဲ့ I Will Always Love You က အသင့်တော်ဆုံးပါပဲ။ စကားကလည်း အရမ်းကို အဓိပ္ပါယ်ရှိပြီး လေးနက်လှတဲ့အတွက် ချစ်သူနှစ်ဦးကို ပိုပြီး ချစ်ခြင်းတွယ်တာစေမှာဖြစ်ပါတယ်။

Usher – Throwback

မိန်းကလေးသီချင်းတွေမှမဟုတ်ပါဘူး။ ယောကျာ်းလေးတွေသီဆိုထားတဲ့ R&B သီချင်းတွေကိုလည်း နားထောင်ချင်တယ်ဆိုရင်တော့ Usher ရဲ့ သီချင်းတွေကို ညွှန်းပါရစေလား။ Usher က ပျိုတိုင်းကြွေလောက်တဲ့ သီချင်းသံစဉ်တွေနဲ့ စာသားတွေက ဖန်တီးတဲ့နေရာမှာ တော်လွန်းတဲ့သူတစ်ယောက်ပါ။ အရမ်းလည်း ဆူဆူညံညံမဟုတ် အရမ်းလည်း မငြိမ့်ညောင်းလွန်းလှတဲ့ သီချင်းတွေထဲကတစ်မျိုးဆိုရင်တော့ Throwback ကိုနားထောင်ကြည့်စေချင်ပါတယ်။

Michael Jackson – Remember The Time

နောက်ဆုံးအနေနဲ့ R&B King တစ်ယောက်လည်းအဖြစ် Legend တစ်ယောက်လည်းဖြစ်တဲ့ Michael Jackson ကို မေ့ပစ်လို့တော့ မဖြစ်ပါဘူး။ Michael Jackson ဟာဆိုရင် လူသားထုတိုင်းချစ်ခင်မြတ်နိုးရတဲ့ အဆိုတော်တစ်ယောက်ဖြစ်တယ်ဆိုတာ အားလုံးလည်းသိကြမယ်ထင်ပါတယ်။ အားမပေးကြတဲ့ Michael Jackson ရဲ့ သီချင်းဆိုမရှိလောက်အောင်အထိကို သူ့ရဲ့ သီချင်းတိုင်းက အရမ်းကို ကျော်ကြားခဲ့ပါတယ်။ ဒီထဲကမှ အကျော်ကြားဆုံးဖြစ်တဲ့ Remember The Time သီချင်းကို ညွှန်းချင်ပါတယ်။