ရီးရဲမတ်ထရစ်အသင်းဟာ နည်းပြကြီးဇီဒန်းရဲ့လက်အောက်မှာ တစ်ဖန်နိုးထလာပြန်ပါပြီ။ ချန်ပီယံလိဂ်ဖလားကို နှစ်နှစ်ဆက်တိုက်ယူထားနိုင်ပြီး ယခုနှစ်တွင်လည်း ဆက်လက်ရရှိဖို့ရေပန်းစားနေပါတယ်။ ရီးရဲမတ်ထရစ်ဟာ ငွေကြေးအရရော၊ အောင်မြင်မှုရော အလုံးစုံပြည့်စုံတဲ့အသင်းတစ်သင်းပါ။

စပိန်တော်ဝင်အသင်းကိုတော့ (၁၉၀၂) ခုနှစ်ကစတင်တည်ထောင်ခဲ့ပါတယ်။ ယခုဆိုသက်တမ်းဟာ နှစ်ပေါင်း (၁၀၆) နှစ်နီးပါးသို့ရောက်ရှိလာပါပြီ။ ရီးရဲမတ်ထရစ်ဟာ ချန်ပီယံလိဂ်အသင်းရဲ့အအောင်မြင်ဆုံးအသင်းတစ်သင်းဖြစ်ပါတယ်။ ဘောလုံးလောကရဲ့ မော်ဒန်ခေတ်အပြောင်းအလဲတွင်လည်း အကောင်းဆုံးပါဝင်ခဲ့သူဖြစ်ပါတယ်။

ရီးရဲမတ်ထရစ်သမိုင်းတစ်လျှောက် အအောင်မြင်ဆုံးကစားသမားတွေကိုလည်း ဖော်ပြလိုက်ရပါတယ်။

 (၁) ရော်နယ်ဒို

Source: championat.com

သူဟာတော့ ယခုလက်ရှိမှာလည်း ရီးရဲမတ်ထရစ်အသင်းအတွက် အကောင်းဆုံးကစားပေးနေတဲ့ တိုက်စစ်မှူးတစ်ယောက်ပါ။ ယူနိုက်တက်မြေမှ စပိန်ရီးရဲအသင်းကို ပြောင်းရွေလာခဲ့တဲ့အချိန်ကစတင်ပြီး ရော်နယ်ဒိုဟာအကောင်းဆုံးကစားပေးခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ ရီးရဲလ်မတ်ထရစ်အသင်းအတွက် သွင်းဂိုးများစွာရှာဖွေပေးထားတာလည်းဖြစ်လို့ ရီးရဲလ်မတ်ထရစ်ရဲ့ အကောင်းဆုံးကစားသမားတစ်ယောက်အဖြစ် သတ်မှတ်လို့ရပါတယ်။

(၂) ဇီဒန်း (Zidane)

Source: goal.com

ဇီဒန်းဟာ ကစားသမားဘ၀တွင်အသင်းကို အကောင်းဆုံးပေးဆပ်ကစားခဲ့ပါတယ်။ ရီးရဲမတ်ထရစ်ရဲ့ ကွင်းလယ်တွင် အကောင်းဆုံးထိန်းချုပ်ကစားပေးနိုင်ခဲ့ပါတယ်။ ဒေါသကြီးလှတဲ့ ဇီဒန်းဟာ (၂၂၇) ပွဲတွင် (၄၉) ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပါတယ်။ သူကတော့ ဒုတိယအအောင်မြင်ဆုံးကစားသမားပါ။ နည်းပြဘ၀သို့ရောက်ရှိချိန်တွင်လည်း ရီးရဲမတ်ထရစ်အသင်းကို ချန်ပီယံလိဂ်ဖလားနှစ်ကြိမ်ရအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။

(၃) ကားဆီးလက်စ်

Source: AS English – Diario AS

ယခုအချိန်မှာတော့ ရီးရဲမတ်ထရစ်အသင်းကနေ ထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်။ သူဟာကမ္ဘာ့အကောင်းဆုံးဂိုးသမားတစ်ယောက်လည်းဖြစ်ခဲ့ပါတယ်။ သူဟာ အသင်းခေါင်းဆောင်တစ်ယောက်အဖြစ် အသင်းကို ဦးဆောင်ကစားနိုင်ခဲ့ပြီး အံဖွယ်ကောင်းလှတဲ့ ဂိုးဖမ်းယူမှုတွေကိုလည်း ပြုလုပ်နိုင်ခဲ့ပါတယ်။ ကားဆီးလက်ဟာ ရီးရဲမတ်ထရစ်အသင်းကို အသက် (၉) နှစ်သားထဲက ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။ ရီးရဲမတ်ထရစ်အသင်းအင်္ကျီကို (၂၅) နှစ်ကျော်ဝတ်ဆင်ခဲ့သူလည်းဖြစ်ပါတယ်။