လူတိုင်းမှာ ပရဟိတစိတ်ဓာတ်ရှိသင့်ပါတယ်။ ဒါပေမယ့် လူအများစုဟာ ပရဟိတစိတ်ဓာတ်ထက် အတ္တဟိတစိတ်ဓာတ်က ပိုများနေတတ်ပါတယ်။ စစ်မှန်တဲ့ပရဟိတစိတ်ဆိုတာ ဘယ်လိုအပြုအမူမျိုးလဲဆိုတာ သိသင့်ပါတယ်။

အများကောင်းကျိုးကိုလိုလားခြင်း

Source: creation.com.es

ကိုယ်တစ်ယောက်ထဲကောင်းစားဖို့ထက် အများရဲ့ကောင်းကျိုးချမ်းသာကို ပိုမိုလိုလားတဲ့စိတ်ဓာတ်မျိုးဟာ ပရဟိတစိတ်ဓာတ်ပဲဖြစ်ပါတယ်။ ကိုယ့်အကျိုးထက် အများအကျိုးကိုဦးစားပေးပြီး လုပ်ဆောင်တတ်သူမျိုးဟာ ပရဟိတစိတ်ဓာတ်ရှိသူများပဲဖြစ်ပါတယ်။

အများအတွက်တွေးတောတတ်ခြင်း

Source: Pinterest

အကျိုးရလဒ်တွေကို စဉ်းစားတွေးခေါ်တဲ့အခါမျိုးမှာ အများအတွက်ရှေ့တန်းတင်တွေးတောတတ်ခြင်းဟာ ပရဟိတစိတ်ဓာတ်ပဲဖြစ်ပါတယ်။ ကိုယ့်ကိစ္စကိုခေါင်းထဲမထည့်ဘဲ အများကိစ္စတွေကိုရှေးရှုဆောင်ရွက်တတ်သူမျိုးကို ပရဟိတစိတ်ဓာတ်ရှိသူလို့ သတ်မှတ်နိုင်ပါတယ်။

အများကောင်းကျိုးရနေချိန်မှာ ၀မ်းသာပျော်ရွှင်ခြင်း

Source: pinterest.com

ကိုယ်ကဆင်းရဲနေရင်နေမယ်၊ အများချမ်းသာအဆင်ပြေနေတာကိုမြင်ရလျင် ကျေနပ်ပီတိဖြစ်နေတဲ့ စိတ်ဓာတ်မျိုးဟာ ပရဟိတစိတ်ဓာတ်ပဲဖြစ်ပါတယ်။ လူအများဝမ်းသာပျော်ရွှင်နေလျင် မိမိပါကျေနပ်ပျော်ရွှင်နေတတ်တဲ့ ပုဂ္ဂိုလ်မျိုးဟာ ပရဟိတစိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်ပဲဖြစ်ပါတယ်။