ဒီဘက်ခေတ် ၂၀ရာစုမှာ မုတ်ဆိတ်မွှေးဆိုတာ မထားသင့်ဘူး။ မုတ်ဆိတ်ထားတဲ့ ယောကျာ်းလေးတွေဆိုရင်လည်း အားလုံးက ရှုံ့ချချင်ကြတယ်။ လူဆိုးလူမိုက်တွေဆိုပြီး တစ်ထစ်ချသတ်မှတ်ကြတယ်။ မထားရဘူးဆိုပြီး အားလုံးက တားမြစ်ကြတယ်။ ဒါပေမဲ့ မုတ်ဆိတ်ထားခြင်းက အပြစ်မဟုတ်ပါဘူး။ ထားတဲ့ယောကျာ်းလေးတစ်ယောက်ကလည်း လူဆိုးလူမိုက်မဟုတ်ပါဘူး။

Source: PopSugar UK

မုတ်ဆိတ်မွှေးထားတာဟာလည်း ကျန်းမာရေးကောင်းစေပါတယ်တဲ့။ မုတ်ဆိတ်မွှေးထားခြင်းက ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးပါတယ်။ ယောကျာ်းလေးတစ်ယောက်မှာရှိနေတဲ့ အတိုင်းအတာထက်ပိုတဲ့ ယုံကြည့်မှုမျိုးကို ရရှိစေပါတယ်။

Shave လုပ်ပြီး လုပ်ယူထားတဲ့မျက်နှာမျိုးမဟုတ်တဲ့အတွက် Shave လုပ်တဲ့သူတွေထက် ပိုချောပြီး ပိုခန့်စေပါတယ်။ အမြဲတမ်း Shave ခြင်းက ဘက်တီးရီးယား ပိုပေါက်ပွားစေတယ်။ အသားအရေအစိုဓာတ်ကို ပိုပြီး ထိန်းသိမ်းပေးနိုင်တယ်။ မိန်းကလေးတွေ အသည်းခိုက်အောင်လဲ ညိုု့နိုင်သေးတယ်နော့်။

Source: algamal.net

မုတ်ဆိတ်ထားလို့လည်း ပိုချောသွားတဲ့သူတွေအများကြီးပါ။ စိတ်ထားပြည့်ဝပြီး ရိုးသားကြိုးစားနေကြတဲ့သူတွေလည်း အများကြီးပါ။ ဒီအောက်က ပုံတွေကို ကြည့်ရင်သိနိုင်ပါတယ်။

ကဲ… မုတ်ဆိတ်မွှေးထားပြီး မိန်းကလေးတွေရဲ့ အသည်းကို လိုက်ခြွေလိုက်ရအောင်လား ဘော်ဒါတို့။