စိတ်သဘောထားတွေတိုက်ဆိုင်ပြီး အကြိုက်ချင်းတူတဲ့ချစ်သူတွေရဲ့ဘဝဟာ ပျော်ရွှင်ဖွယ်အတိပါပဲ။ အမျိုးသားတစ်ဦးအနေနဲ့ ကိုယ့်အကြိုက်တွေကို ချစ်သူမိန်းကလေးကြောင့် စွန့်လွှတ်ရမယ်ဆိုတာ သူတို့အတွက်တော့အခက်အခဲကြီးတစ်ခုပါပဲ။ အရမ်းချစ်လို့ အစပိုင်းစွန့်လွှတ်ပေးခဲ့ရင်တောင် ကြာတဲ့အခါ စိတ်ဖိစီးမှုတစ်ခု၊ စိတ်ဆင်းရဲစရာတစ်ခုအဖြစ်နဲ့ တွေးမိလာနိုင်ပါတယ်။

Source: Iltalehti

မိန်းကလေးအများစုက တက်တူးထိုးခြင်းကို မနှစ်သက်ကြပါဘူး။ တက်တူးထိုးလိုက်ခြင်းအားဖြင့် သူတို့ချစ်သူဟာ ပတ်ဝန်းကျင်မှာလူဆိုး၊ လူပေတစ်ယောက်အဖြစ် အမြင်ခံရမှာကို စိုးရိမ်ကြတာဟာလည်း မနှစ်သက်ရခြင်းအကြောင်းတစ်ခုပဲ ဖြစ်ပါလိမ့်မယ်။

Source: standard.co.uk

ယနေ့ခေတ်ယောက်ျားလေးတွေက တက်တူးထိုးခြင်းကို စိတ်ဝင်စားနှစ်သက်ကြပါတယ်။ တက်တူးထိုးပြီးစတိုင်ထုတ်ရတာကိုလည်း သဘောကြတတ်ပါတယ်။ တချို့ယောက်ျားလေးတွေဆို တက်တူးကို အရူးအမူးစွဲလန်းတတ်ကြပါတယ်။ ကိုယ့်ချစ်သူထက်ပိုပြီးတော့ပေါ့။

Source: tattoos-book.com

ကိုယ့်စိတ်သဘောအတိုင်း ဝါသနာတူ၊ အကြိုက်တူ ချစ်သူတစ်ယောက်ရှိနေပြီဆိုရင်တော့ ဒါအကောင်းဆုံးဘ၀တစ်ခုပါပဲ။ မရှိသေးရင်လည်း အမြန်ရှာဖွေလိုက်ပါ။ ကိုယ့်ချစ်သူနဲ့အတူ စုံတွဲတက်တူးလေးတွေထိုးပြီး ပျော်ပျော်ရွှင်ရွှင် စတိုင်ထုတ်ကြည့်လိုက်ပါ။ ယနေ့ခေတ်မှာ တက်တူးကိုရူးသွပ်ကြတဲ့ မိန်းကလေးတွေလည်း အများကြီးရှိနေပါပြီ။