လူတိုင်းမှာ ပင်ပန်းနွမ်းနယ်ရတဲ့ နေ့ရက်တွေဆိုတာ ရှိပါတယ်။ ဒီလို ပင်ပန်းနွမ်းနယ်လာပြီဆိုရင် ဘာနဲ့ စိတ်အပန်းဖြေမလဲဆိုတာကို တွေးကြရတော့မှာပါ။ ကိုယ်က အလုပ်တွေအရမ်းများသူမို့ စိတ်အပန်းဖြေဖို့ အချိန်မပေးနိုင်တာပဲဖြစ်ဖြစ် ၊ ငွေကုန်ကြေးကျခံပြီး စိတ်အပန်းမဖြေနိုင်တာပဲ ဖြစ်ဖြစ် ဘယ်လိုလူမျိုးအတွက်မဆို အလွယ်ကူ အရိုးရှင်းဆုံး စိတ်အပန်းဖြေနည်းဟာ တေးသီချင်းတွေ နားဆင်ခြင်းပါပဲ။

စိတ်တင်းကြပ်မှုတွေ ပြေလျော့စေခြင်း

Source: i.ytimg.com

တေးသီချင်းတွေဟာ စိတ်ဖိစီးမှု နဲ့ မွန်းကြပ်မှုတွေအတွက် ထွက်ပေါက်ကောင်းဖြစ်ပါတယ်။ စိတ်တွေတအားမွန်းကြပ်လာတဲ့အခါမှာ စိတ်ခံစားမှုနဲ့ သက်ဆိုင်တဲ့ တေးသီချင်းတွေ ၊ တေးသွားချိုချိုအေးအေးလေးတွေဟာ စိတ်ရဲ့မွန်းကြပ်ရှုပ်ထွေးမှုတွေကို ပြေပျောက်စေနိုင်စွမ်းရှိပါတယ်။

Music Therapy နဲ့ နာကျင်မှုကို ကုသနိုင်ခြင်း

Source: assets.nydailynews.com

ဒီနိုင်ငံမှာ သိပ်မတွင်ကျယ်သေးပေမယ့် နိုင်ငံရပ်ခြားမှာတော့ နာကျင်မှုတွေကို ဂီတကုထုံးနဲ့ ကုတာကို အတော်အသုံးများကြပါတယ်။ ဂီတဟာ စိတ်အတွက် ကောင်းမွန်တဲ့ ထွက်ပေါက်တစ်ခုဖြစ်ရုံသာမကပဲ နာကျင်မှုတွေကိုတောင် ကုသပေးနိုင်တဲ့ ကောင်းမွန်တဲ့ ကုထုံးတစ်ရပ်ပါ။

ဆိုးရွားတဲ့ စိတ်ခံစားမှုတွေကို ပြန်လည်ကောင်းမွန်စေနိုင်ခြင်း

Source: i.ytimg.com

စိတ်ဓာတ်တွေ ဟိုးအောက်ဆုံး ကျနေတဲ့ အခါမျိုးတွေမှာလည်း တေးသီချင်းတွေနဲ့ စိတ်ကို ပြန်လည်အဖတ်ဆယ်နိုင်ပါတယ်။ တေးသီချင်းတွေကနေတဆင့် စိတ်ဓာတ်ပြန်လည်တက်ကြွသွားအောင် လုပ်လို့ရပါသေးတယ်။ စိတ်ဓာတ်တွေ ကျနေတဲ့အခါမျိုးမှာ တေးသီချင်းကို နားကြပ်တပ်ပြီး မျက်လုံးစုံမှိတ် ခံစားကြည့်ပါ။ ထူးခြားတဲ့ စိတ်ခံစားမှုရသ ရလာပါလိမ့်မယ်။

ပျော်ရွှင်တက်ကြွစေခြင်း

Source: blog.psychicoz.com/

ဂီတက လူတွေကို ပျော်ရွှင်တက်ကြွအောင် လုပ်ပေးနိုင်တဲ့ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။ မြူးကြွတဲ့ ဂီတသံစဉ်စာသားတွေ နားထောင်ရတဲ့အခါမျိုးမှာ လူတွေစိတ်ထဲ မရိုးမရွဖြစ်လာပြီး တက်ကြွပျော်ရွှင်လာပါတယ်။