၁၉၇၀ပြည့်နှစ်တွေကနေ ယနေ့ခေတ်အထိ ခေတ်အဆက်ဆက် လူကြိုက်များရေပန်းစားခဲ့တဲ့ Band တစ်ခုရှိပါတယ်။ အဆိုပါ Band ရဲ့နာမည်ကတော့ U2 ပဲဖြစ်ပါတယ်။ လူကြီး၊ လူငယ်မရွေးနှစ်သက်စွဲလန်းခဲ့တဲ့ U2 အဖွဲ့ဟာ Rock သီချင်းတွေကို ကမ္ဘာကြီးနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။

Source: theguardian.com

U2 အဖွဲ့ကို ၁၉၇၆ခုနှစ်၊ Ireland မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ Bono, The Edge, Adam Clayton, Larry Mullen Jr. ဆိုတဲ့အဖွဲ့ဝင် ၄ဦးပါဝင်ပါတယ်။ U2 အဖွဲ့ဟာ ပထမဆုံးပွဲဦးထွက်အဖြစ်ထွက်ရှိထားခဲ့တဲ့ Three သီချင်းဟာ ၁၉၇၉ ခုနှစ်မှာ လူသိများရေပန်းစားလာခဲ့ပါတယ်။

U2 အဖွဲ့ရဲ့ နာမည်ကျော် တေးအယ်လ်ဘမ်များ

Source: theguardian.com

၁၉၇၆ခုနှစ်ကစတင်ပြီး ယနေ့ ၂၀၁၈ ခုနှစ်ထိ အောင်မြင်မှုသရဖူကို ထိန်းသိမ်းထားနိုင်ခဲ့တဲ့ U2 အဖွဲ့ရဲ့အနုပညာစွမ်းအားကတော့ အံ့မခန်းပါပဲ။ ၁၉၇၆ခုနှစ်ကနေ ယနေ့ထိ နာမည်ကြီးလူကြိုက်များခဲ့တဲ့ တေးစီးရီးတွေကတော့ အများကြီးပါပဲ။ ဒီထဲကမှ လူကြိုက်အများဆုံး တေးသီချင်းတွေကို ထုတ်နုတ်ပေးလိုက်ပါတယ်။

၁၉၈၃ခုနှစ်က ထုတ်ဝေခဲ့တဲ့ War တေးအယ်လ်ဘမ်ထဲက Sunday Bloody Sunday

၁၉၉၄ခုနှစ်က ထုတ်ဝေခဲ့တဲ့ pop တေးအယ်လ်ဘမ်ထဲက Staring At The Sun

 

၂၀၀၉ ခုနှစ်က ထုတ်ဝေခဲ့တဲ့ No Line on the Horizon အယ်လ်ဘမ်ထဲက Get On Your Boots

၎။ ၂၀၁၄ ခုနှစ်ကထုတ်ဝေခဲ့တဲ့ Songs of Innocence အယ်လ်ဘမ်ထဲက Every Breaking Wave

Source: theguardian.com

၂၀၁၇ ခုနှစ်မှာ နောက်ဆုံးထုတ်ဝေထားတဲ့ Songs of Experience အယ်လ်ဘမ်ထဲက American Soul တို့ပဲဖြစ်ပါတယ်။