90’s Kids တွေဆို Discman ခေတ်ကိုမှီပါတယ် မှတ်မိကြမယ်လို့လည်းထင်ပါတယ်။ ၁၉၉၀ အနှောင်းပိုင်းလောက်ထိ လူတွေသီချင်းနားထောင်ဖို့အတွက် သုံးကြတဲ့ Portable Devices လို့ပဲပြောရမှပါ CD အခွေတွေထည့်ပြီး နားထောင်လို့ ရတယ်ဆိုပါတော့။ သို့ပေမယ့် ၁၉၉၈ ခုနှစ်လောက်ကျတော့ MP3 Players ခေတ်ကို ပေါင်းလဲတိုးတက်လာပြီး ခေတ်လူငယ် New Millennium တွေအတွက် Accessory တစ်ခုအဖြစ် IPod တွေစပြီး ခေတ်စားလာတော့တာပဲ။

Source: Shutterstock

ဒီလို MP3 Player တွေ IPod တွေ ခေတ်မရှိသေးခင်ကတော့ ကိုယ်တွေလို သီချင်း Crazy တွေအတွက်ဆို Walkman တွေ Discman တွေကအသက်ပါပဲ။ အဲ့လို Walkman တွေ Discman တွေခေတ်ထခဲ့တဲ့ အချိန်တုန်းကဆို နာမည်ကြီး Sony Brand ရဲ့ရောင်းအားဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆို ၁၇၅ မီလီယံနီးပါ ရောင်းရခဲ့ပါတယ်။ ဒီလောက်ဆိုလူတွေဟာ အရင်ကတည်းက ဂီတနဲ့ပတ်သက်ပြီး ဘယ်လိုရှုးသွပ်တယ်ဆိုတာကိုသိနိုင်မှာပါ။

Source: Shutterstock

အဲ့လို Walkman တွေ Discman တွေ သုံးဖူးတဲ့သူတွေဆိုသိမှာပါ အခုလိုဖုန်းတွေထဲက Playlist လိုသီချင်းတွေအများကြီးမဆံ့တော့ ကိုယ်ကြိုက်တဲ့ အဆိုတော်ရဲ့သီချင်းတွေကို Mix Tape တွေလုပ်ပြီး လမ်းသွားရင်ပဲဖြစ်ဖြစ် ကားစီးရင်ပဲဖြစ်ဖြစ် သွားတဲ့နေရာမှာ ဒီလို Device တွေသယ်သွားပြီး နားထောင်လေ့ရှိတာ 90’s ရဲ့ Classic ဖြစ်တဲ့ Vibe တစ်ခုပါ။

Source: Shutterstock

အခုခေတ်ကလေးတွေဆို ဒီလိုခံစားချက်တွေကို နားလည်နိုင်မှာမဟုတ်ပါဘူး။ အခု ၂၁ ရာစုနောက်ပိုင်းရောက်လာတော့ Music Player တွေကိုတကူးတကကြီးဝယ်ချင်ရင်တောင် Market မှာမရှိသလောက်ရှားနေပါပြီ။ ၁၉၉၈ လောက်ထိဒီ Portable Devices တွေကိုနားထောင်လိုက်ရတာ Amnesia ခနဖြစ်လိုက်ရသလိုပါပဲ အခုတော့ Modern World ထဲမှာတော့ ထိုအရာတွေက ကွယ်ပျောက်သွားပါပြီ။ ထို Walkman တွေ Discman တွေကရတဲ့ Euphoria လို့ခေါ်တဲ့ ဘာနဲ့မှမလဲနိုင်တဲ့ အတွေ့အကြုံ မျိုး ခံစားမှုမျိုးကို ထပ်ရနိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။။

Source: Shutterstock