လူတစ်​​ယောက်​နဲ့တစ်​​ယောက်​ ​တွေ့ဆုံချိန်​မှာ ပထမဆုံးသတိပြုမိတဲ့ အရာ​တွေထဲမှာ ဖိနပ်​ကလည်း အပါအဝင်​ဖြစ်​ပါတယ်​။ဒါ​ကြောင့်​ကိုယ့်​အတွက်​သင့်​​တော်​​စေနိုင်​မယ့်​ ဖိနပ်​​ရွေးချယ်​တတ်​ဖို့လိုပါတယ်​။နေ့စဉ်​သွားလာလှုပ်​ရှား​နေချိန်​ အသုံးပြုရတာဖြစ်​တဲ့အတွက်​ အမြင်​တင့်​တယ်​​စေဖို့အပြင်​ သက်​​တောင့်​သက်​သာရှိမှုကိုလဲ ဦးစား​ပေးရမှာဖြစ်​ပါတယ်​။ဒါ​ကြောင့်​သက်​​တောင့်​သက်​သာရှိ​စေပြီး အမြင်​လဲမဆိုး​စေနိုင်​တဲ့ Sneaker ဒီဇိုင်း​တွေကို ​ဝေမျှလိုက်​ပါတယ်​။

(၁) Canvas Sports Shoes

Source : Fashionbeans

Sports Shoes ဆိုတဲ့အတိုင်း အားကစားလုပ်​ရာမှာလဲ စီးနိုင်​မယ့်​ Sneakerမျိုး​တွေက စွယ်​စုံရဖိနပ်​​တွေလို့ ဆိုမယ်​ဆိုရင်​လဲ မှားနိုင်​ဖွယ်​မရှိပါဘူး။ဘာလို့ဆို Sports Shoes တွေရဲ့ သ​ဘောသဘာဝအရ ကြာရှည်​ခံ​စေနိုင်​ပြီး သက်​​တောင့်​သက်​သာရှိ​စေနိုင်​တာ​ကြောင့်​ပါ။ Canvas Sports Shoes​တွေရဲ့ အားသာချက်​​နောက်​တစ်​ခုကလဲ ​အားကစားကွင်းသွားမှ အသုံးတည့်​တာမဟုတ်​ပဲ နေ့စဉ်​ဘဝမှာပါ စီးနင်းနိုင်​တဲ့ Designဖြစ်​​နေခြင်းပါပဲ။

(၂) Tennis shoes

Source : Fashionbeans

၁၉၆၅​လောက်​ကထဲက Tennis​လောကမှာ နာမည်​ရှိတဲ့ Sneaker ဒီဇိုင်းတစ်​မျိုးပဲ ဖြစ်​ပါတယ်​။Logoအစင်းသုံး​ကြောင်းနဲ့ သူ့ရဲ့ဒီဇိုင်းဟာ​ ​ပေါ့ပါးလွတ်​လပ်​တဲ့အသွင်​ကို​ဆောင်​​စေနိုင်​ပါတယ်​။ဒါ့အပြင်​ ​ခြေမျက်​စိအလွတ်​ Sneakerဖြစ်​တာ​ကြောင့်​ လူငယ်​ဆန်​​စေပြီး အရပ်​ကိုရှိရင်းစွဲထက်​ အနည်းငယ်​ပိုရှည်​သ​ယောင်​ထင်​​စေနိုင်​တဲ့ အားသာချက်​ရှိ​နေတာပဲ ဖြစ်​ပါတယ်​။

(၃) Skate Shoe

Source : Fashionbeans

Sneakers​တွေနဲ့ အလိုက်​ဖက်​ဆုံးက​တော့ Streetwear​ တွေပဲ ဖြစ်​ပါတယ်​။ဒါ​ကြောင့်​ Street Sports​ တစ်​မျိုးဖြစ်​တဲ့ Skateနဲ့ Sneakerဟာ အင်​မတန်​လိုက်​ဖက်​ညီတာကလဲ ငြင်းလို့မရပါဘူး။Skate Shoeအ​ကြောင်း​ပြောမယ်​ဆိုရင်​​တော့ ​မေ့မထားသင့်​တာက​တော့ Vans​တွေပဲဖြစ်​ပါတယ်​။ Vans​လိုမျိုး Skate Shoesတွေဟာဆိုရင်​ ရုံးသွားရုံးပြန်​ပါစီးလို့ ရတဲ့ Sneakersအမျိုးစားဖြစ်​တာ​ကြောင့်​ လူငယ်​လူလတ်​မ​ရွေးလိုက်​ဖက်​မှာ အ​သေချာပါပဲ။

(၄) Retro Runners

Source : Fashionbeans

Sneakers​တွေဟာ အားကစားဖိနပ်​အမျိုးအစားက​နေပဲ ဆန်းသစ်​လာတာဖြစ်​တာ​ကြောင့်​ အားကစားအမျိုးအစား​အလိုက်​ ဒီဇိုင်းအမျိုးစုံစွာ ဆန်းသစ်​မှု​တွေ​တွေ့ရပါတယ်​။အားကစားမလုပ်​ရင်​​တောင်​ Fashion အရလုံးဝမိုက်​​နေ​စေနိုင်​လို့ လူအများ​ရွေးချယ်​ကြတာလဲမမှားပါဘူး။Retro Runnerဖြစ်​တဲ့ Nikeလိုအ​ပြေးအားကစားအတွက်​ Sneakers​တွေကလဲ တကယ့်​ကိုသက်​​တောင့်​သက်​သာရှိမှု အပြည့်​အဝ​ပေးနိုင်​တာ​ကြောင့်​ စွယ်​စုံစီးနိုင်​ဖို့ ဝယ်​ထားသင့်​ပါတယ်​။