အငြင်းအခုံတွေ၊ အားပေးသံတွေ၊ အဆင်မပြေမှုတွေ၊ ကြီးကျယ်ခမ်းနားမှုတွေနဲ့အတူ ရုရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲကြီး ပြီးဆုံးခဲ့တာတော့ တစ်လနီးပါလောက် ကြာညောင်းခဲ့ပါပြီ။ သို့ပေမဲ့လည်း ဘောလုံးချစ်သူတွေအနေနဲ့တော့ ဥရောပလိဂ်တွေပြန်လည်း စတင်တော့မှာမလို့ ရင်ခုန်စိတ်လှုပ်ရှားနေမယ်လို့ မျှော်လင့်ပါတယ်။ ဒီနေ့မှာတော့ ပြင်သစ်တို့အောင်လံလွင့်ထူနိုင်ခဲ့တဲ့ (၂၀၁၈) ကမ္ဘာ့ဖလားရဲ့ ကိန်းဂဏန်း Data အချို့ကို ပြန်လည်မျှဝေပေးမှာဖြစ်ပါတယ်။
Source: rbth.com
ဗိုလ်ဆွဲခဲ့တဲ့အသင်းကတော့ အားလုံးသိတဲ့အတိုင်း ပြင်သစ်အသင်းဖြစ်ပါတယ်။ ဒုတိယရရှိခဲ့တဲ့အသင်းကတော့ ခရိုအေရှားဖြစ်ပြီး တတိယရရှိခဲ့တဲ့အသင်းကတော့ ဘယ်ဂျီယံအသင်းဖြစ်ပါတယ်။ ပွဲစဉ်ပေါင်း (၆၄) ပွဲကစားခဲ့ပြီး ဂိုးပေါင်း (၁၆၉) ဂိုးအထိသွင်းယူခဲ့တာဖြစ်ပါတယ်။ ပျမ်းမျှတွက်ကြည့်ရင်တော့ တစ်ပွဲကို (၂.၆၄) ဂိုးနှုန်းလောက်နဲ့သွင်းယူခဲ့တာဖြစ်ပါတယ်။ ဂိုးသွင်းအများဆုံးကစားသမားကတော့ ဟာရီကိန်း (၆) ဂိုးဖြစ်ပြီး အကောင်းဆုံးကစားသမားဆုကိုတော့ မိုဒရစ် ကရရှိခဲ့ပါတယ်။ အကောင်းဆုံးလူငယ်ကစားသမားဆုကိုတော့ ပြင်သစ်မှ ကြယ်ပွင့်ကစားသမား ဘာပေးက ဆွတ်ခူးနိုင်ခဲ့ပြီး အကောင်းဆုံးဂိုးသမားဆုကိုတော့ ကော်တိုရစ်က ရရှိခဲ့တာဖြစ်ပါတယ်။ အသန့်ရှင်းဆုံးအသင်းလိုက်ဆုကိုတော့ စပိန်အသင်းက ဆွတ်ခူးနိုင်ခဲ့ပါတယ်။
Source: usatoday.com
(၂၀၁၈) ကမ္ဘာ့ဖလားအတွက် ဇွန်လအတွင်းမှာ ရုရှားနိုင်ငံက ဒေါ်လာ (၁၄.၂) ဘီလီယံလောက်ကိုသုံးခဲ့တာဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက်မှာ အမြောက်အများဆုံးရင်းနှီိးမြုပ်နုံမှုတစ်ခုအဖြစ်လည်း သမိုင်းတိုင်စိုက်ထူနိုင်ခဲ့ပါတယ်။ ရုရှားနိုင်ငံအနေနဲ့ သယ်ယူပို့ဆောင်ရေး၊ လုံခြုံရေးတွေကို အကောင်းမွန်ဆုံး ပြင်ဆင်အသုံးချခဲ့တဲ့အတွက် နိုင်ငံတကာရဲ့ ချီးကျူမှုအသံတွေထက်မှာတော့ မျက်နှာပန်းလှခဲ့ပါတယ်။
Source: vercity.co.ke
မထင်မှတ်ထားလောက်တဲ့အသင်းလိုက်စွမ်းဆောင်ရည်တွေနဲ့ ဗိုလ်လုပွဲအထိ မောင်းနှင်လာခဲ့တဲ့ နိုင်ငံငယ်လေး ခရိုအေးရှားအသင်းကိုလည်း ဘောလုံးချစ်ပရိသတ်တွေအကုန်လုံးက ပြောစမှတ်တွင်ချီးကျူးခဲ့ကြပြီး လူငယ်မျိုးဆက်သစ်တွေလွမ်းခြုံလာခဲ့တဲ့ ပြင်သစ်အသင်းကိုလည်း နောက်ကမ္ဘာ့ဖလားအတွက်ပါ အားလုံးက မျှော်လင့်နေကြပါတယ်။ ရသမျိုးစုံ၊ ခံစားမှုမျိုးစုံပေးခဲ့တဲ့ ကမ္ဘာ့ဖလားကြီးပြိုင်ပွဲကြီးကိုတော့ နောက်လေးနှစ်အကြာမှာ ကာတာမှာ တစ်ဖန် ကြည့်ရှုရင်ခုန်အားပေးရမှာဖြစ်ပါတယ်။