ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကြယ်ပွင့်ကစားသမား Ribery ကိုတော့အားလုံးသိကြလိမ့်မယ်ထင်ပါတယ်။ ဒီနေ့မှာတော့သူ့ရဲ့အကြောင်းလေးတွေကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

(၁) သူရဲ့ကစားသမားဘ၀အစကိုတော့ Conti Boulogne ဆိုတဲ့အသင်းနဲ့စတင်ခဲ့တာဖြစ်ပါတယ်။

Source: wallpapercave.com

(၂) သူဟာ ထိုနောက်မှာတော့ US Boulogne  အသင်းမှာ သွားရောက်ကစားခဲ့ပါတယ်။ (၂၀၀၅) ခုနှစ်မှာတော့ တူရကီအခြေစိုက် ဂါလာတာစာရေးအသင်းကို ပြောင်းရွေ့ခဲ့ပါတယ်။

(၃) သူ့ဘ၀ရဲ့ထွန်းတောက်လာ့မည့်အချိန်တွေကိုတော့ မာဆေးအသင်းမှာဖြတ်သန်းခဲ့တာပဲဖြစ်ပါတယ်။

Source: wallpapercave.com

(၄) (၂၀၀၇) ခုနှစ်မှာတော့ ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွေ့ကစားခဲ့တာဖြစ်ပြီး ပြောင်းရွေ့ကြေးကတော့ ပေါင်သန်း (၂၅) သန်းနဲ့ပါ။ သူဟာ ချန်ပီယံလိဂ်ဖလား၊ ကမ္ဘာ့ဖလားနဲ့အခြားသော ဖလားမျိုးစုံကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။

(၅) သူဟာ (၂၀၀၃) ခုနှစ်မှာတော့ မက်ဆီ၊ ရော်နယ်ဒိုတို့နဲ့အပြိုင် FIFA Ballon d’Or ဆုကို စကာတင်သုံးယောက်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။

Source: wallpapercave.com

(၆) သူဟာ မိခင်ကလပ်အသင်းဖြစ်တဲ့ ပြင်သစ်အသင်းနဲ့လည်း ကမ္ဘာ့ဖလားပြိုင်ပွဲမျိုးစုံကို ၀င်ရောက်ဆင်နွဲခဲ့ဖူးပါတယ်။

(၇) သူ့ဘ၀ရဲ့ပထမဆုံးကမ္ဘာ့ဖလားသွင်းဂိုးကိုတော့ (၂၀၀၆) ခုနှစ် စပိန်အသင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ ပွဲစဉ်မှာ သွင်းယူခဲ့တာဖြစ်ပါတယ်။