K-pop အဆိုတော်တွေဆိုတာက သီချင်းဆိုနေရုံနဲ့တင်မပြီးသေးပါဘူး။ သူတို့ဟာ အလွန်ကို အလုပ်များတဲ့ Schedule တွေ၊ ပြိုင်ဆိုင်မှုတွေ၊ အခြားသော Variety Show လိုမျိုး Event တွေ၊ Music Show တွေ ဒါတွေအကုန်လုံးကိုပါ လုပ်ကိုင်နေရတဲ့သူတွေပဲဖြစ်ပါတယ်။

အခုလိုမျိုး အလုပ်အလွန်များတဲ့ K-pop အနုပညာရှင်တွေဟာ အောင်မြင်သွားရင်လည်း အရမ်းကို ချမ်းသာသွားတဲ့အတွက် လက်ရှိမှာ အချမ်းသာဆုံးသော K-pop အနုပညာရှင်တွေကို ဖော်ပြပေးလိုက်ပါတယ်။

7. Taeyeon

Source: allkpop.com

Girls’ Generation နဲ့ အခု Girls’ Generation-Oh!GG ရဲ့ Leader ဖြစ်တဲ့ Taeyeon က အခုဆိုရင် K-pop လောကထဲမှာ ၁၀ နှစ်ကျော်လောက် သက်တမ်းရှိနေပြီဖြစ်ပါတယ်။ Taeyeon ဟာ အသံအကောင်းဆုံး K-pop Singer တစ်ယောက်ဖြစ်သလို အချမ်းသာဆုံးလည်းဖြစ်ပါတယ်။

6.T.O.P

Source: allkpop.com

Big Bang ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ T.O.P ကလည်း လက်ရှိမှာ အချမ်းသာဆုံးသော K-pop Idol တစ်ယောက်ဖြစ်ပါတယ်။ YG Entertainment အောက်မှာ သီချင်းဆိုတဲ့အလုပ်တွေကို လုပ်ကိုင်သလိုပဲ Iris ၊ Into The Fire နဲ့ Nineteen ဇတ်လမ်းတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

5. IU

Source: allkpop.com

IU ကတော့ K-pop Industry ထဲမှာ တကယ်ကို ဘက်စုံတော်တဲ့သူတစ်ယောက်အဖြစ် သတ်မှတ်ခံထားရတာဖြစ်ပြီးတော့ အဆိုအပိုင်းမှာလည်း အလွန်တော်သလို သူမပါဝင်သရုပ်ဆောင်တဲ့ ဇာတ်လမ်းတွဲတိုင်းကလည်း အောင်မြင်မှုတွေကို ထပ်သလဲလဲရရှိခဲ့တာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးပဲ အခုအချိန်မှာ အချမ်းသာဆုံး Single Singer တစ်ယောက်လည်းဖြစ်ပါသေးတယ်။

4. Bae Suzy

Source: allkpop.com

ယခင် Miss A ရဲ့ အဖွဲ့ဝင်ဟောင်း Suzy ကလည်း အချမ်းသာဆုံး K-pop Idol တစ်ယောက်ဖြစ်ပြီး သူမရဲ့ နောက်ပိုင်း Single သီချင်းတွေအပြင် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇတ်လမ်းတွဲတွေကလည်း အောင်မြင်တဲ့အတွက် အခုလိုမျိုး နေရာရရှိလာတာဖြစ်ပါတယ်။

3. Im Yoona

Source: allkpop.com

Girls’ Generation ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Im Yoona ကလည်း လောလောဆယ်မှာ အချမ်းသာဆုံးတစ်ယောက်ဖြစ်ပြီးတော့ အဆိုပိုင်းထက် သရုပ်ဆောင်ပိုင်းကနေ ဝင်ငွေရရှိလာတာဖြစ်ပါတယ်။ အဲ့ဒီအပြင် ကြော်ငြာတွေမှာလည်း သူမပဲ အပိုင်စီးထားတာဖြစ်ပါတယ်။

2. Choi Siwon

Source: allkpop.com

ဇတ်လမ်းတွဲတွေမှာ အဓိကသရုပ်ဆောင်လည်းဖြစ်၊ Super Junior အဖွဲ့ရဲ့ နာမည်ကြီး အဖွဲ့ဝင်လည်းဖြစ်တဲ့ Choi Siwon က အခုအချိန်မှာတော့ အချမ်းသာဆုံး K-pop Idol တစ်ယောက်ဖြစ်လာပြီးတော့ သူရဲ့ ဖခင်ကလည်း ကျိကျိတက်ချမ်းသာတဲ့ CEO တစ်ယောက်ဖြစ်ပါတယ်။

1. G-Dragon

Source: allkpop.com

Big Band အဖွဲ့ရဲ့ Leading Composer ဖြစ်တဲ့ G-Dragon ကတော့ Rapper ၊ Songwriter ၊ Producer နဲ့ Fashion Icon တစ်ယောက်လည်းဖြစ်ပါတယ်။ K-pop ဆိုတာနဲ့ GD ကိုပြေးမြင်ရလောက်အောင် နာမည်ကြီးတဲ့ သူက အခုအချိန်အထိ အချမ်းသာဆုံးနဲ့ အအောင်မြင်ဆုံး Idol တစ်ယောက်ပါ။