Rihanna က လက်ရှိအချိန်မှာ တကယ်ကိုနာမည်ကြီးတဲ့ Pop Star တစ်ယောက်ဆိုရင်လည်းမမှားပါဘူး။ ဒါပေမယ့်အခုအချိန်မှာ Rihanna က သီချင်းအသစ်တွေမထွက်တာအချိန်တော်တော်ကြာနေပြီဖြစ်ပါတယ်။

Source: Cosmopolitan

အဲ့ဒီအတွက် Fan တွေကနေ Rihanna ကို သီချင်းအသစ်ထွက်ထားဦးမှာလားဆိုပြီး မေးမြန်းနေကြတာပဲဖြစ်ပါတယ်။ ဒါကလည်း Rihanna က ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းထွက်ထားတဲ့ ANTI Album ပြီး ထွက်ထားတဲ့သီချင်းအသစ်တွေမရှိတာကြောင့် အပြောခံနေရတာဖြစ်ပါတယ်။

အဲ့ဒီအတွက် RiRi လှလှပပပဲတုန့်ပြန်ခဲ့ပြီးတော့ သူမရဲ့ Instagram Account မှာ သူမရဲ့မကြာသေးမီက တက်ရောက်ခဲ့တဲ့ စင်္ကာပူက Fenty Beauty Event တုန်းကဓါတ်ပုံကိုတင်ခဲ့ပြီးတော့ Meme ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ Meme ပုံမှာလည်း “When your fans keep asking you for new music” ဆိုပြီးရေးသားထားပါသေးတယ်။

လက်ရှိသိထားတဲ့သတင်းတွေအရတော့ Rihanna ဟာ Dance Pop Music Queen နေရာကိုပြန်လည်ရယူချင်တေတယ်လို့သိရပြီးတော့ အခုလိုမျိုး Fan တွရဲ့မေးမြန်းမှုကိုပြန်လည်တုန့်ပြန်တာက Rihanna မှာမကြာခင်ထုတ်ပြစရာ Album တစ်ခုရှိနေသလားဆိုတာ စိတ်ဝင်စားစရပါ။

ဘာပဲဖြစ်ဖြစ် Rihanna ရဲ့ Album အသစ်ကိုမြင်ရဖို့အကြာကြီးစောင့်ဆိုင်းစရာမလိုလောက်တော့ပါဘူး။