ဂီတဆိုတာဟာလူသားတွေအတွက်မရှိမဖြစ် ဖန်တီးမှုတစ်ခုပဲ ဖြစ်ပါတယ်။ ဝမ်းနည်းတဲ့အခါဖြစ်စေ၊ ဝမ်းသာပျော်ရွှင်တဲ့အခါဖြစ်စေ ဂီတတွေဟာအမြဲလိုအပ်နေပါတယ်။ ဂီတအမျိုးအစားတွေအများကြီးရှိတဲ့အပေါ် လူတွေရဲ့ခံစားကြိုက်နှစ်သက်မှုတော့ ဘယ်တူနိုင်ပါ့မလဲနော်။
ကမ္ဘာပေါ်မှာမပြောင်းလဲနိုင်တဲ့ နိယာမတစ်ခုရှိပါတယ်။ ဒါကတော့ အသစ်တွေ ဘယ်လောက်ပေါ်ထွက်လာပါစေ၊ အမြဲကောင်းနေတတ်တဲ့ အဟောင်းတွေရှိနေတယ်ဆိုတာပါပဲ။ တေးဂီတနဲ့ပတ်သတ်ပြီးတော့လည်း အဆိုပါနိယာမက မှန်ကန်နေဆဲပဲဖြစ်ပါတယ်။
ယနေ့ခေတ်ကမ္ဘာကြီးမှာ ဂီတအမျိုးအစားတွေ၊ သီချင်းအသစ်တွေအမြောက်အများကို ဂီတပညာရှင်တွေက အချိန်ပြည့် ဖန်တီးပုံဖော်နေကြပါတယ်။ ဒါပေမယ့် တချို့သောဂီတဝါသနာရှင်တွေကတော့ အဟောင်းတွေကိုမှ ပြန်လည်ခံစားချင်ကြပါတယ်။ အဟောင်းထဲကရုန်းမထွက်နိုင်ဘဲ အကောင်းတွေကိုရှာဖွေပြီး တစိမ့်စိမ့်ခံစားနား ဆင်တတ်ကြတာမျိုးပါ။
ဘယ်လိုလူတွေက Old Music တွေကို နှစ်သက်တတ်တာလဲ။
Source: Shutterstock
သီချင်းဟောင်းတွေကို ပြန်လည်ရှာဖွေခံစားတယ်ဆိုတဲ့အတွက် အသက်အရွယ်ကြီးသူများပဲ ဖြစ်လိမ့်မယ်လို့ တထစ်ချမယူဆလိုက်ပါနဲ့။ တချို့ငယ်ရွယ်သူများလည်း သူတို့မမှီလိုက်တဲ့ခေတ်က နာမည်ကြီးခဲ့တဲ့ဂီတတွေ၊ သီချင်းတွေကို ရှာဖွေပြီးပြန်လည်ဆန်းသစ် ခံစားတတ်ကြပါတယ်။ ဒါကြောင့်လည်း နာမည်ကြီး သီချင်းများကိုဝေမျှပေးလိုက်ပါတယ်။