ရော်နယ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ယောက်လို့ ဘောလုံးချစ်သူအားလုံးကသတ်မှတ်ထားကြပါတယ်။ ပေါ်တူဂီိကြယ်ပွင့်ဖြစ်တဲ့ ရော်နယ်ဒိုဟာ သူ့ခြေစွမ်းကို သွင်းဂိုးတွေနဲ့သက်သေပြနေဆဲပါ။ သူ့အနေနဲ့ ပရီးမီးယားလိဂ်ဖလား၊ ချန်ပီယံလိဂ်ဖလား၊ လာလီဂါ၊  Copa del Rey Cups, Ballon d’Or’s နဲ့ အခြားသော ဆုဖလားများစွာရရှိခဲ့ဖူးပါတယ်။ အောင်မြင်မှုတွေကို ဆာလောင်နေတတ်တဲ့ မုဆိုးတစ်ယောက်လည်းဖြစ်ပါတယ်။

Source: ftw.usatoday.com

ရော်နယ်ဒိုဟာ အဖက်ဖက်မှပြည်စုံတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ CR 7 ဟာ အပြေး၊ အလိမ်အခေါက်၊ ဂိုးသွင်းစွမ်းရည်တွေမှာ ပါရမီထူးလှတဲ့ကစားသမားတစ်ယောက်ပါ။ ထိုကဲ့သို့သော အခြေအနေရောက်ရှိအောင်လည်း ရော်နယ်ဒိုအနေနဲ့ နှစ်ရှည်လများကြိုးစားခဲ့ရပါတယ်။ သူကန်သွန်းတဲ့ ဖရီးကစ်တိုင်းဟာ ဂိုးပေါက်နဲ့မိတ်ဆက်သွားတာချည်းပါပဲ။ သူဟာ လာလီဂါမှာ မက်ဆီနဲ့ယှဉ်ပြိုင်ရင်း အောင်မြင်မှုတွေကို ဆက်လက်ယူဆောင်နေတုန်းဖြစ်ပြီး မက်ဆီထက်သာတဲ့အချက်ကတော့ အမြင့်ခုန်ခြင်းပါ။

Source: flickr.com

သူရဲ့အမြင့်ခုန်စွမ်းရည်ကတော့ ကြောက်ဖို့ကောင်းလှပါတယ်။ အရပ်အမောင်းရှည်လှတဲ့ နောက်တန်းကစားသမားတွေတောင် သူလောက်မခုန်နိုင်ပါဘူး။ တောင်ပံကဖြတ်တင်လာတဲ့ ဘောလုံးကို ရော်နယ်ဒိုက ဝေဟင်မှတော်တော်မြင့်မြင့်ထိခုန်ပြီး ဂိုးသွင်းယူလေ့ရှိပြီး မြေပြင်ကနေ (၇၈) စင်တီမီတာလောက်အထိ ရောက်အောင်ကို ခုန်နိုင်ပါတယ်။

သူဟာ အမြင့်ခုန်တွေမှာ နာမည်ကြီးလှတဲ့ ဘတ်စကတ်ဘောကစားသမားတွေထက်တောင် (၇) စင်တီမီတာလောက်ခုန်နိုင်ပါတယ်။ မြေပြင်မှတော်တော်မြင်တဲ့လေထုသို့ ကျားသစ်တစ်ကောင်ကဲ့သို့ ခုန်တတ်သွားပြီး ဂိုးသွင်းယူလေ့ရှိတဲ့ရော်နယ်ဒိုဟာ အမြင့်ခုန်အနုပညာမှာတော့ ဆရာတစ်ဆူဖြစ်ပါတယ်။

Source: ronaldo2012.canalblog.com

သူရဲ့အမြင့်ခုန်အနုပညာက လေးစားဖို့ကောင်းလှပါတယ်။ သူဟာ အမျိုးမျိုးသောအခြေအနေတွေကနေ ဂိုးတွေသွင်းယူနေဆဲပဲဖြစ်ပါတယ်။