အသံချိုချိုလေးနဲ့ ပရိသတ်ကို ဆွဲဆောင်ထားတဲ့ Sam Smith ကိုသိပြီးကြပြီဖြစ်ကြမှာပါ။ Album ပဲထွက်ပြီးထိတ်ဆုံးကိုရောက်နိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ ပရိသတ်ရင်ထဲမှာနေရာယူ ခဲ့တဲ့သူရဲ့သီချင်းတွေကတော့ Stay With Me တို့ I’m not the only one တို့ ပဲဖြစ်ပါတယ်။ Emotional ဖြစ်တဲ့ သီချင်းတွေကိုပဲဆိုတဲ့ Sam ရဲ့သီချင်းတွေဟာ ပရိသတ်တွေရဲ့နှလုံးသားနဲ့ အမြဲနီးစပ်ခဲ့ပါတယ်။

Source: lipstiq.com

နောက်ပြီးနာမည်ကြီး ရုပ်ရှင် James Bond ကားဖြစ်တဲ့ Spectre ဇာတ်ကားထဲက Theme Song ဖြစ်တဲ့ Writing’s On The Wall သီချင်းနဲ့ ၂၀၁၆ Oscar မှာအကောင်းဆုံး သီချင်း ဆုကိုရရှိခဲ့ သူလည်းဖြစ်ပါတယ်။ သူ့ရဲ့နောက်ဆုံးထွက်ထားတဲ့ Album က The Thrill Of It All ပဲဖြစ်ပါတယ်။ နားမထောင်ရသေးသူများ ခံစားနိုင်အာင် ဝေမျှပေးလိုက်ပါတယ်။ ဒီလောက်ဆိုရင်တော့သူ့ကို မသိသေးတဲ့လူတွေနဲ့လည်း မိတ်ဆက်ပေးသလို ဖြစ်လောက်မှာပါ။

Source: thejakartapost.com

တကယ်လို့ သင်ဟာ Sam Smith ရဲ့ ပရိသတ် (Huge Fan) လား…ဒါဆိုရင်တော့ ဒီသတင်းကောင်းဟာ သင့်အတွက်ဖြစ်မှာပါ။ ၂၀၁၅ Grammy ဆုရှင် Sam ကသူရဲ့ Official Facebook Page မှာ သူရဲ့ တကိုယ်တော်ပွဲ အဖြစ် အာရှမှာလာဖျော်ဖြေမယ့် The Thrill Of It All Tour ကို တရားဝင်ကြေငြာထားပြီးပဲဖြစ်ပါတယ်။

Source: lipstiq.com

အောက်တိုဘာ ၂ရက်နေ့ ကနေ ၂၈ရက်နေ့အထိ Tour အနေနဲ့ လှည့်လည်ဖျော်ဖြေသွားမယ့် နိုင်ငံတွေကတော့ စင်ကာပူ, တောင်ကိုရီးယား, ဖီလပင်း, ဂျပန်နဲ့ ထိုင်းတို့မှာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံတော့ မပါသေးပေမယ့် အားပေးချင်ရင်တော့ အနီးဆုံးဖြစ်တဲ့ ဘန်ကောက်မှာတော့သွားကြည့်လို့ ရပါသေးတယ်။ အောက်တိုဘာလမှလုပ်မှာဆိုတော့ သွားကြည့်မယ်ဆို အစီအစဉ်ဆွဲဖို့လည်း အချိန်ရတာပေါ့နော်။ Sam ကိုရှုးသွပ်သူတွေ အတွက်တော့ မဟာအခွင့်အရေးကြီးပေါ့ရှင်။