Musicians တွေနဲ့အင်တာဗျူးလုပ်ခြင်းဟာ ဂျာနယ်လစ်လောကမှာ ဟိုအရင်ကတည်းကလုပ်ခဲ့တဲ့ ထုံးစံတစ်ခုပါ။ ဒီအခွင့်အရေးဟာ အောင်မြင်တဲ့အနုပညာရှင်တွေအတွက်လည်း သူတို့လုပ်နေတဲ့အနုပညာအကြောင်းကို ဖော်ပြခွင့်ရနိုင်တဲ့ နည်းလမ်းတစ်မျိုးလည်းဖြစ်တဲ့အပြင် ဂျာနယ်လစ်ဖက်ကလည်း သူတို့ရဲ့ပရိသတ်တွေဖက်က သိချင်တဲ့မေးခွန်းတွေကိုမေးပေးနိုင်တဲ့ အခွင့်အရေးကိုရရှိနိုင်မှာဖြစ်ပါတယ်။ ပြောရရင်တော့ အနုပညာရှင်တွေနဲ့ သူ့ပရိသတ်တွေကြား Transparency ရှိတဲ့သဘောလည်း သက်ရောက်ပါတယ်။

Source: People

သို့ပေမယ့် ယနေ့ခေတ်ရောက်လာတော့ Interview ကို တစ်ချို့အနုပညာရှင်တွေက သဘောကျလက်ခံပြီးလုပ်ကြပေမယ့် တစ်ချို့ကတော့ ငြင်းဆန်ကြပါတယ်။ Social Media ပေါ်ကနေတစ်ဆင့် သူတို့ရဲ့ပရိသတ်ကို ဆက်သွယ်ကြလာတာမျိုးဖြစ်ပါတယ်။ သူတို့လက်ရှိလုပ်နေတဲ့အနုပညာအကြောင်းကို Twitter ကနေ Tweet တာမျိုးနောက်ပြီး IG တို့ Snap Chat တို့ကနေ Video တို့ Photo တို့တင်တာတို့ပဲပြုလုပ်လာကြပြီး Interview ကိုရှောင်လာကြပါတယ်။ အမျိုးမျိုးသော အကြောင်းပြချက်တွေနဲ့ Press Shy ဖြစ်နေတဲ့ အနုပညာရှင်တွေထဲမှာမှ The Weekend က Interview တွေနဲ့ပတ်သတ်ပြီးသူဘယ်လိုခံစားရသလဲဆိုတာကို ဒီလိုပဲပြောကြားခဲ့ပါတယ်။

Source: People

၂၀၁၃ လောက်က Complex Magazine အတွက် သူ့ကို ခက်ခက်ခဲခဲ Interview ခွင့်ရခဲ့တုန်းက သူပြောကြားခဲ့တာကတော့ သူဟာ Insecure ဖြစ်တတ်တဲ့သူမျိုးဖြစ်ပြီး Camera Shy လည်းဖြစ်တာကြောင့် ဒီလိုဓာတ်ပုံတွေရိုက်ပြီး Attention ထားခံရတာသူ့အတွက်လုံးဝကိုအဆင်မပြေပါဘူးလို့ပြောပါတယ်။ နောက်ပြီး အားလုံးလည်းသတိထားမိကြမှာပါ။ သူဟာ သူရဲ့ Music Video တစ်ချို့မှာ ခပ်မိုက်မိုက်ဆော်လေးတွေကို အမြဲထည့်သုံးထားတယ်ဆိုတာကို။

Source: People

အဲ့ကိစ္စနဲ့ပတ်သတ်ပြီးသူက လူတွေဟာ Hot Girls တွေကိုကြည့်ရတာကြိုက်ပါတယ်တဲ့။ သူတစ်ယောက်ထဲကိုပဲရိုက်ပြနေရင် ဘယ်ကြည့်ချင်ပါ့မလဲ လို့လည်းအရွှန်းဖောက်ခဲ့ပါတယ်။ သူဖန်တီးတဲ့ Music အမျိုးအစားဟာ လူငယ်တွေကြားမှာ အရမ်းရေပန်းစားတာကိုလည်းသိကြမှာပါ။ Talented ဖြစ်တဲ့ အဆိုတော်လို့ပြောရရင်လည်း မမှားပါဘူး။ သူဟာ သူပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင် Social Media ပေါ်ကနေ Communicate လုပ်သွားမှာပါလို့ ကတိပေးခဲ့တဲ့အပြင် သူဖန်တီးတဲ့ Music ကနေလည်း သူဟာ ဘယ်လိုသူမျိုးလဲဆိုတာကို မှန်းဆနိုင်ပါတယ်လို့ပြောကြားခဲ့ပါတယ်။