ဘောလုံးပွဲတစ်ပွဲမှာ တိုက်စစ်မှူးတစ်ယောက်ကောင်းနေရုံနဲ့ သွင်းဂိုးတွေရှာဖွေလို့မရပါဘူး။ တိုက်စစ်မှူးဂိုးသွင်းယူဖို့ ဖန်တီးပေးတဲ့ ကွင်းလယ်ကစားသမားကောင်းတွေလည်း လိုအပ်ပါတယ်။ ကျနော်တို့ ခေါ်ခေါ်နေကြတဲ့ Assist King ပေါ့်နော်။ လွန်ခဲ့တဲ့ငါးနှစ်အတွင်း ဂိုးဥရောပလိဂ်တွေမှာ ဂိုးဖန်တီးမှုအများဆုံးရှိတဲ့ ကစားသမားကိုလည်း ဖော်ပြပေးလိုက်ရပါတယ်။

 3. Cristiano Ronaldo ( ဂိုးဖန်တီးမှု 65 ကြိမ်)

Source: sillyseason.com

ရီးရဲမတ်ဒရစ်အသင်းရဲ့ တောင်ပံတိုက်စစ်မှူး ရော်နယ်ဒိုကတော့ နံပါတ်သုံးနေရာမှာရပ်တည်နေပါတယ်။ သူဟာ လွန်ခဲ့တဲ့ငါးနှစ်အတွင်းမှာ အသင်းဖော်တွေ ဂိုးရရှိအောင် (၆၅) အထိဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အသင်းဖော်တွေကို ဂိုးဖန်တီးပေးနိုင်ခဲ့သလို ကိုယ်တိုင်လည်း သွင်းဂိုးအများအပြားသွင်းယူနိုင်ခဲ့ပါတယ်။

2. Angel Di Maria ( ဂိုးဖန်တီးမှု 67 ကြိမ် )

Source: sillyseason.com

အာဂျင်တီးနားသားလေး ဒီမာရီးယားကတော့ နံပါတ် နှစ်နေရာမှာရပ်တည်နေပါတယ်။ သူအနေနဲ့ လွန်ခဲ့တဲ့ ငါးနှစ်အတွင်းမှာ ရီးရဲလ်၊ မန်ယူ၊ Psg အသင်းတို့မှာ ကစားခဲ့တာပါ။ ရီးရဲမှမန်ယူအသင်းကို ပေါင်း (၅၇) သန်းနဲ့ပြောင်းရွေ့ခဲ့သော်လည်း ထင်သလောက်အောင်မြင်မှုမရရှိခဲ့ပါဘူး။ သူရဲ့ အိုးထရဒ်ဖို့ခရီးစဉ်ကတော့ မလှပခဲ့ပါဘူး။ ထို့ကြောင့် ပြင်သစ်ဘီလူး PSG ဆီပြောင်းရွေ့ခဲ့ပါတယ်။ ပဲရစ်မြေမှာ တစ်ဖန်လင်းလက်ခဲ့ပြန်ပါတယ်။ အသင်းဖော်တွေဂိုးရရှိဖို့ (67) ထိပြုလုပ်ပေးထားနိုင်တာဖြစ်ပါတယ်။

1. Lionel Messi – ( ဂိုးဖန်တီးမှု 79 ကြိမ်)

Source: sillyseason.com

နံပါတ်တစ်နေရာမှာ တိုက်စစ်မှူးမက်ဆီရပ်တည်နေတာဟာ အံသြစရာတော့ကောင်းပါတယ်။ သူဟာ လွန်ခဲ့တဲ့ငါးနှစ်အတွင်း ကိုယ်တိုင်လည်း ဂိုးသွင်းယူခဲ့သလို အသင်းဖော်တွေဂိုးသွင်းယူဖို့လည်း ဖန်တီပေးခဲ့တာပါ။ သူရဲ့ ပါရမီနဲ့ ဘောလုံးစွမ်းရည်တွေက တကယ်ကို စံထားစရာဖြစ်ပါတယ်။ ဂိုးဖန်တီးမှု ၇၉ ကြိမ်အထိပြုလုပ်ထားနိုင်တာပါ။