တက်တူးနဲ့ပတ်သတ်ပြီး လူတွေရဲ့အယူအဆ၊ အတွေးအခေါ်တွေပြောင်းလဲခဲ့တာ ကြပြီဖြစ်ပါတယ်။ တက်တူးကို စိတ်ထားမာကျောခက်ထန်တဲ့ အမျိုးသား အများစုဟာ ကြိုက်နှစ်သက်ကြပါတယ်။ အနေအထိုင်အေးဆေးတဲ့ အမျိုးသားတွေ တက်တူးဒီဇိုင်းရွေးချယ်တော့မယ်ဆိုရင် အောက်မှာဖော်ပြထားတဲ့ ဒီဇိုင်းတွေကိုလေ့လာကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

Paint Brush Stroke Tattoo

Source: RednessblAze – DeviantArt

ပန်းချီဆွဲသကဲ့သို့ တက်တူးကို ပုံဖော်ထားတဲ့ဒီဇိုင်းပဲ ဖြစ်ပါတယ်။ သိမ်မွေ့တဲ့စိတ်ထားကို အကောင်းဆုံးဖော်ဆောင်ပေးနိုင်ပါလိမ့်မယ်။ တက်တူးထိုးထားပေမယ့် လူကြမ်းကြီးတစ်ယောက်တော့ ဘယ်ဟုတ်တော့မလဲနော်။

Celtic Tattoo

Source: only-tattoos.com

ကနုတ်ပုံဒီဇိုင်းတွေနဲ့ အလန်းစားတက်တူးတစ်ခုပဲ ဖြစ်ပါတယ်။ အနုပညာဆန်တဲ့ သင့်နှလုံးသားရဲ့ခံစားချက်တွေကို ပီပြင်စွာပုံဖော်ပေးမှာဖြစ်ပါတယ်။

Chicano Tattoo

Source: Pinterest

ရှေးရိုးဆန်တဲ့ ရိုးရာယဉ်ကျေးမှုတွေကို တက်တူးဒီဇိုင်းအဖြစ် ပုံဖော်ထားတာပဲဖြစ်ပါတယ်။ ယဉ်ကျေးမှုကို အလေးထားပြီး ရိုးရာဓလေ့ကိုထိန်းသိမ်းချင်တဲ့ အမျိုးသားတွေအတွက် အထူးသင့်တော်တဲ့ တက်တူးဒီဇိုင်းဖြစ်ပါ တယ်။