ယောကျ်ားလေးတစ်ယောက်ဖြစ်လာပြီဆိုတာနဲ့ ပွဲလမ်းသဘင်တွေတက်ရမယ်၊ အခြားသော နေရာအများအပြားကိုလည်း သွားလာဖို့ လိုအပ်လာတာပဲဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ အဝတ်အစားကလည်း နေရာထိုင်ခင်းနဲ့ လိုက်ဖက်အောင်ဝတ်ဆင်ဖို့ လိုအပ်လာပါတယ်။

ဒါပေမယ့် အဝတ်အစားတစ်ခုထဲနဲ့တင် ပြီးသွားတာမျိုးမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် အဝတ်အစားလိုမျိုးပဲ ရှုးဖိနပ်တွေကလည်း အရေးပါတဲ့နေရာက ပါဝင်ပါတယ်။ ကိုယ်ဘာဝတ်ဝတ် ဒီရှုးဖိနပ်တစ်ခုထဲနဲ့ပဲ သွားမယ်ဆိုတာမျိုးက စဉ်းကိုမစဉ်းစားသင့်တဲ့အရာတစ်ခုပါ။

ကဲ… ယောကျ်ားလေးတစ်ယောက်အတွက် အလိုအပ်ဆုံးသော ရှုးဖိနပ်တွေက ဘာတွေဖြစ်မလဲ?

Oxford Shoes

Source: The Idle Man

အနောက်တိုင်းဝတ်စုံ ဝတ်ရတော့မယ်ဆိုတာနဲ့ Oxford Shoes တွေက အကောင်းဆုံးသော တွဲဖက်မှုတွေပါ။ အများစုက Oxford Shoes နဲ့ Derby Shoes တွေကို အမှတ်မှားကြပေမယ့် ဖိနပ်ရဲ့ ဘေးဘက်မှာ ချုပ်ရိုးရာလေးတွေပါဝင်တဲ့ Oxford Shoes တွေက သင့်ကို နောက်ထပ်အဆင့်တစ်ခုဆီကို ခေါ်ဆောင်သွားမှာပါ။

Loafers

Source: The Idle Man

ဒါကတော့ Oxford Shoes လိုမျိုး အရမ်းကြီး Formal ဖြစ်တဲ့ Shoes တွေကို မဝတ်ချင်ဘူးဆိုတဲ့သူတွေအတွက် အဓိကရွေးချယ်သင့်တဲ့ Shoes တွေပဲဖြစ်ပါတယ်။ Loafers ဆိုတဲ့အတိုင်း ကြိုးချည်နေဖို့မလိုဘဲ ဒီအတိုင်း ခြေထောက်ကို ထိုးသွင်းလိုက်ရုံပဲဖြစ်ပြီးတော့ လှပတဲ့ဒီဇိုင်းတွေကြောင့် လူငယ်တွေအကြိုက်ဆိုရင်လည်း မမှားပါဘူး။

Chelsea Boot

Source : The Idle Man

ဒါကလည်း ယောကျ်ားလေးတစ်ယောက်အတွက် ရှိထားသင့်တဲ့ ဖိနပ်တစ်ရံဖြစ်ပါတယ်။ Chelsea Boot တွေဟာ အမြင်အရ အလွန်လှပသလိုပဲ အဝတ်အစားအတော်များများနဲ့လည်း တွဲဖက်ဝတ်ဆင်နိုင်တာကြောင့် ယောကျ်ားလေးတိုင်း ကြိုက်ကြတဲ့ Boots တွေလည်းဖြစ်ပါတယ်။

Sneaker

Source: The Idle Man

Sneaker ဆိုတာကတော့ အခုနောက်ပိုင်း ယောကျ်ားလေးအတော်များများ ဝတ်ဆင်လာတဲ့ ဖိနပ်တစ်ခုပါ။ ပေါ့ပါးပြီးတော့ ၂၄ နာရီလုံး ဝတ်ထားရင်တောင်မှ ခြေထောက်အိုက်တာတွေမရှိတဲ့အတွက် အခုနောက်ပိုင်း Adidas ၊ Nike Brand တွေအကုန်လုံးက Sneaker အမြောက်အများကို ထုတ်လုပ်နေကြပါတယ်။ ရွေးစရာတွေများပြားလွန်းတဲ့အတွက် သင့်အနေနဲ့ ကိုယ့်စိတ်ကြိုက်ရွေးလိုက်ရုံပါပဲ။

Running Shoes

Source: The Idle Man

ဒါကတော့ နေ့တိုင်းမနက်တိုင်းမှာ လေ့ကျင့်ခန်းလုပ်တဲ့ ကွီးတွေအတွက်ပါ။ မနက်ပိုင်းမှာ လေ့ကျင့်ခန်းလုပ်တတ်တယ်၊ အနည်းဆုံးအပြေးလေ့ကျင့်ခန်းလုပ်တယ်ဆိုရင်တော့ သင့်မှာ Running Shoes တစ်ရံတော့ရှိသင့်ပါတယ်။