ယောက်ျားလေးအများစုဟာ ဘောင်းဘီတို ဝတ်ရတာ ကြိုက်ကြပါတယ်။ ဒီလိုနွေရာသီမှာ ဆိုပိုလို့တောင် အဝတ်များကြမှာပါ။ အိမ်မှာနေလို့ JJ-club တွေဝတ်တာအရေးမကြီးပေမဲ့ အပြင်သွားရင်လည်း ဘောင်းဘီတိုဝတ်ချင်တယ်ဆိုရင်တော့ ဖြစ်သလိုအိမ်နေရင်းဘောင်းဘီတိုနဲ့ မသွားသင့်တော့ပါဘူး။

Decent ဖြစ်မယ့်အတိုမျိုးကို ရွေးဝတ်သင့်ပါပြီ။ ဒီလိုပြောတဲ့အခါ Jeans အတိုလိုမျိုး ကျပ်တဲ့ဘောင်းဘီတွေကိုပြောတာမဟုတ်ပါဘူး။ ပေါ့ပေါ့ ပါးပါး ဝတ်နိုင်မယ့် Shorts တွေကိုပဲ Colour တွေ Pattern တွေပေါ်မူတည်ပြီး ဝတ်ခိုင်းတာမျိုးပါ။ဘောင်းဘီအတိုဟာ အမြဲလူတောတိုးတဲ့ အဝတ်မျိုးမဟုတ်ပေမဲ့ နွေရာသီမှာဆိုရင်တော့ ဝတ်ဆင်သင့်ပါတယ်။

Shorts တွေကို Gym သွားမှာပဲမဟုတ်ပဲ အပြင်သွားရင်လည်းဝတ်လို့ရမယ့် အားကစားဒီဇိုင်းနဲ့ ကွဲထွက်တဲ့ ဘောင်းဘီတိုတွေအကြောင်းပြောပြချင်ပါတယ်။ ဘယ်လို့ဝတ်တဲ့အခါ လွတ်လပ်စေလဲဆိုတော့ သရေကြိုးနဲ့ ဖြစ်လို့ပါပဲ။

အားကစားလုပ်ရင်အများဆုံးဝတ်ကြတာကတော့ အနက်ရောင်ပါ နောက်ပြီး ခုခတ်စားနေတဲ့ နွေဦးရာသီဖက်ရှင်အရ အပြာ အနီစတဲ့ အရောင်တောက်တွေအပြင် Opposite အရောင်တွေစပ်ထားတဲ့ အဆင်မျိုးတွေဝတ်သင့်ပါတယ်။ ကွီးတို့ အပြင်သွားရင် သူများနည်းတူ ကိုယ့် Style နဲ့ ကိုယ် လန်းနိုင်အောင် ဝေမျှပေးရခြင်းပဲဖြစ်ပါတယ်။

 

Source: Shutterstock