ခုနောက်ပိုင်း ဆိုရှယ်မီဒီယာတွေမှာလည်း အစားအသောက်တွေက အမြဲတမ်းလိုလို လူတိုင်းတင်လာကြပါတယ်။ စားသောက်ဆိုင် Page တွေရဲ့ ပို့စ်တွေတိုင်းလိုလိုမှာ စုံတွဲတွေရဲ့ မန့်တွေ ၊ တစ်ဦးကို တစ်ဦး မန်းရှင်းခေါ်ကြတာတွေ (အထူးသဖြင့် ကောင်မလေးတွေက ကောင်လေးတွေကို မန်းရှင်းခေါ်ကြတာ) ၊ သူငယ်ချင်းတွေအချင်းချင်း ဆိုင်သွားကြဖို့တိုင်ပင်ကြတာတွေ ဒါမျိုးတွေ တွေ့လာရပါတယ်။

ဆိုင်ထိုင်တိုင်း ယောက်ျားလေးတွေက ဘေလ်ရှင်းရမှာလား

Source: videoblocks.com

များသောအားဖြင့် ဆိုင်ထိုင်ပြီဆိုရင် ယောက်ျားလေးဘက်က ငွေရှင်းလိုက်ကြတာများပါတယ်။ ဒါက တာဝန်ဝတ္တရားအနေနဲ့ မဟုတ်ဘဲ လုပ်သင့်လုပ်ထိုက်တယ်လို့ လူတိုင်းလိုလို(ယောက်ျာလေးရော မိန်းကလေးတွေကပါ) ယူဆထားတတ်ကြပါတယ်။ တကယ်ရော ယောက်ျားလေးကပဲ ဘေလ်ရှင်းရမယ်လို့ သတ်မှတ်ထားကြတာလား။

ကောင်မလေးပေါ် ထားရှိတဲ့ သိတတ်စိတ်

Source: videoblocks.com

ဆိုင်ထိုင်တိုင်း ယောက်ျားလေးကချည်း ဘေလ်ရှင်းရမယ်လို့ သတ်မှတ်မထားပေမယ့်လည်း ယောက်ျားလေးအများစုကတော့ ဆိုင်ထိုင်တိုင်း ဘေလ်ရှင်းပေးတတ်ကြပါတယ်။ ဒါဟာ တစ်ဖက်မိန်းကလေးပေါ်ထားတဲ့ တာဝန်ယူချင်စိတ် နဲ့ သိတတ်မှုတွေပါ။ မဖြစ်မနေ ဘေလ်ရှင်းရမယ်ဆိုတာမျိုးမဟုတ်ပေမယ့် ယောက်ျားလေးတိုင်းကတော့ သိတတ်မှုနဲ့ ဘေလ်ရှင်းတတ်ကြပါတယ်။

ရှက်စိတ်

Source: independent.co.uk

ယောက်ျားလေးတော်တော်များများက ကိုယ်မရှင်းလိုက်ရဘဲ တစ်ဖက်မိန်းကလေး ဘေလ်ရှင်းတဲ့အခါမျိုးမှာ ရှက်တတ်ကြပါတယ်။ ဒါကြောင့်မို့လည်း ဆိုင်ထိုင်တိုင်း သူတို့ကအရင်ဦးအောင် ဘေလ်ရှင်းလိုက်ကြတာပါ။  ဘေလ်မရှင်းနိုင်တဲ့အချိန်တွေမှာဆိုရင်လည်း ဇောချွေးပြန်ရတဲ့ထိ အရှက်သည်းတတ်ကြပါတယ်။

မိန်းကလေးတွေဘက်ကလည်း တလှည့်ပြန်ရှင်းပေးကြဖို့လိုပါတယ်

Source: oystersailing.in

မိန်းကလေးတွေဘက်ကလည်း ဆိုင်ထိုင်တိုင်း ယောကျာ်းလေးတွေရှင်းရမယ်လို့ ပုံသေတွက်မထားသင့်ပါဘူး။ သူရှင်းတယ် ငါရှင်းတယ်ဆိုတာထက် တစ်ယောက်အပေါ်တစ်ယောက် တန်ဖိုးထား သိတတ်မှုရှိဖို့က အရေးကြီးတာပါ။ မိန်းကလေးဘက်ကနေ ပြန် ဝယ်ကျွေးတာမျိုးကလည်း ကောင်လေးတွေအတွက် ကြည်နူးမှုဖြစ်စေပါတယ်။