ယောက်ျားလေးအများစုဟာ လက်ကိုင်အိတ်တွေထက် လွယ်ရတဲ့ backpack ကို သဘောကျကြတာများပါတယ်။ ဘာလို့လည်းဆိုတော့ လက်ထဲမှာရှုက်နေတာကို မလိုလားလို့ပါတဲ့။ ငယ်တဲ့ အရွယ် ကလွယ်တဲ့ အိတ်မျိုးတွေကနေတော့ ကွဲထွက်တဲ့ Backpack ဒီဇိုင်းကိုလွယ် သင့်ပါတယ်။ လွယ်အိတ်တွေက ကလေးတော့ ဆန်ပါတယ် ဒါပေမဲ့ လူကြီးပါလွယ်လို့ ရအောင် Upgrade လုပ်ထားတဲ့ Version တွေလည်းရှိပါတယ်။

Source: businessinsider.com

Backpack ပေမဲ့ Briefcaseလိုမျိုးပဲ အလုပ်သွားရင်လည်း အဆင်ပြေအောင် အပြင်သွားရင်လည်း Smart ဖြစ်နေအောင် ရည်ရွယ်ပြီး အသားပေး ထုပ်ထားတဲ့ အိတ်တွေပဲ ဖြစ်ပါတယ်။ လူကြီးဆန်မယ့် လွယ်အိတ်တွေအားလုံးက သားရေနဲ့လုပ်ထားတာ များပါတယ်။ ကျောပိုးအိတ်တစ်ချို့ကို ကွီးတို့အတွက် ဒီတခေါက်မှာပြောပြပေးလိုက်ပြီနော်။

Source: businessinsider.com

ငယ်ငယ် တုန်းကကြိုက်ခဲ့တဲ့ လွယ်အိတ်မျိုးနဲ့ အနည်းငယ်ဆင်တူပေမဲ့ Tan Leather သားရေနဲ့ပြုလုပ်ထားတာ ဖြစ်လို့ လူကြီးဆန်စေပါတယ်။ ဒီဇိုင်းဆန်းပြီး ဖက်ရှင်လည်းကျစေမှာပါ။ ရုံးသွားမှပဲ မဟုတ်ပါဘူး အပြင်သွားရင်လွယ် လည်းသင့်တော်ပါတယ်။

Source: businessinsider.com

ခရီးသွားဖို့ ပစ္စည်းတွေကို စနစ်ကျကျ ထည့်ချင်တယ်ဆိုရင်တော့ လေးထောင့်ဆန်ဆန် Black Leather Backpack လေးကိုရွေးသင့်ပါတယ်။ သားရေ Percent များလေလေ ပိုပြီး တောင့်တင်း အကြမ်းခံလေ ဖြစ်ပါတယ်။Fancy လွယ်မယ်ဆိုရင် အီတလီကသားရေနဲ့ လုပ်ထားတာမျိုးက သင့်တော်ပါတယ်။ အကြမ်းတော့သိပ်မခံပါဘူး။ရိုးရိုးရှင်းရှင်းဒီဇိုင်းကို ကြိုက်တဲ့သူမျိုးဆိုရင်တော့ Cutting ကလည်းသပ်သပ်ရပ်ရပ်လေး နဲ့ Simple ကိုပဲရွေးချယ်သင့်ပါတယ်။