[Zawgyi]

တစ္ခ်ဳိ႕ေသာလူငယ္ေတြအေနနဲ႔ မိမိတို႔ လုပ္ကိုင္ေနၾကတဲ့ အလုပ္နဲ႔ ပတ္သတ္ၿပီး မွားယြင္းစြာလက္ခံထားတဲ့ အရာေတြရွိတက္ၾကပါတယ္။ဒီတစ္ေခါက္မွာေတာ့ လူငယ္ေတြအေနနဲ႔ အလုပ္ခြင္ဝင္တဲ့အခါ မွားယြင္းေနတဲ့ အယူအဆေလးေတြကေန ရုန္းထြက္ၿပီး မွန္ကန္တဲ့လမ္းေၾကာင္းတစ္ခုေလ်ာက္လွမ္းႏိုင္ဖို႔ သိထားသင့္တဲ့အခ်က္ေလးေတြကိုေျပာျပေပးခ်င္ပါတယ္။

(၁) ေငြေနာက္လိုက္ျခင္း

Source : Training Journal

အလုပ္လုပ္တဲ့အခါ လစာမ်ားတဲ့အလုပ္ခြင္မွာ လုပ္ခ်င္ၾကတဲ့ ဆႏၵတစ္ခု လူငယ္တိုင္းမွာရွိၾကပါတယ္။တကယ္ေတာ့ ကိုယ့္အတြက္ အနာဂတ္မွာေနရာေကာင္းတစ္ခုရဖု႔ိကိုအဓိကေတြးၿပီးအလုပ္ခြင္ကိုေရြးခ်ယ္သင့္တာပါ။လုပ္ငန္းအေတြ႔အႀကံဳနည္းၿပီး လုပ္ငန္းပိုင္းဆိုင္ရာကြ်မ္းမႈနည္းေနေသးတဲ့အခ်ိန္မွာေငြေနာက္လိုက္ၿပီး ေငြရရံုမွတပါး ပညာသိပ္မရတဲ့အလုပ္မွာလုပ္ကုိင္ေနျခင္းက လံုးဝကိုမွားယြင္းတဲ့အယူအဆတစ္ခုပါ။ဒါေၾကာင့္ ကိုယ့္အေနနဲ႔ ငယ္ရႊယ္စဥ္အခ်ိန္မွာ ပညာရတဲ့အလုပ္မ်ဳိးကိုသာဦးစားေပးသင့္ပါတယ္။အသိပညာဗဟုသုတေတြစံုလာၿပီးလုပ္ငန္းကြ်မ္းက်င္မႈမ်ားလာတဲ့အခါ ကိုယ္ကေငြေနာက္ကို လိုက္စရာမလိုေတာ့ပါဘူး။ေငြကကိုယ္ေနာက္ကိုျပန္လိုက္ လာမွာျဖစ္ပါတယ္။

(၂) ေခ်ာင္တဲ့အလုပ္မွာလုပ္ကိုင္ျခင္း

Source : Shutterstock

လူတိုင္းလူတိုင္းစိတ္ဖိစီးမႈမရွိတဲ့ေခ်ာင္လည္တဲ့အလုပ္ခြင္မ်ဳိးကိုႀကိဳက္ႏွစ္သက္ၾကပါတယ္။ဒါေပမဲ့ ဘားမွဖိအားလည္းသိပ္ မရွိဘူး ေန႔ရက္တိုင္းကိုလုပ္ေနၾကလုပ္ငန္းတာဝန္ေတြနဲ႔ အခ်ိန္မွန္လစာရေနတဲ့ ေခ်ာင္တဲ့အလုပ္မွာလုပ္ကိုင္ေနျခင္းက သင့္ ရဲ႕ စြမ္းေဆာင္ရည္ကိုတျဖည္းျဖည္းေလ်ာ့က်လာေစမွာျဖစ္ၿပီး တီထြင္ၾကံစမႈေတြလည္း ရွိေတာ့မွာမဟုတ္ပါဘူး။ဘာပဲျဖစ္ျဖစ္ Riskယူရဲတဲ့ သတိၱကိုေတာ့ေမြးသင့္ပါတယ္။လူဆိုတာ ဖိအားရွိမွလည္း ပိုျမင့္တဲ့ေနရာတစ္ခုကိုေရာက္ဖို႔ အလားအ လာပိုရွိမွာျဖစ္ပါတယ္။ဒါေၾကာင့္ Comfort Zone ထဲမွာပဲ နစ္ေျမာမေနပါနဲ႔။ စြန္႔စားရတဲ့အလုပ္မ်ဳိးလုပ္ကိုင္ဖို႔ အႀကံျပဳခ်င္ပါတယ္။

(၃) ေရာက္တဲ့ေနရာမွာပဲရပ္ေနျခင္း

Source : Shutterstock

သင္ယူေလ့လာမႈဆိုတာ ဘယ္ေတာ့မွရပ္တန္႔သြားျခင္းမရွိပါဘူး။အလုပ္ခြင္ဝင္ေနတဲ့လူငယ္ေတြအေနနဲ႔လည္း ပိုေကာင္းတဲ့ေနရာတစ္ခုကိုေရာက္ခ်င္ရင္ ဆက္လက္သင္ယူေလ့လာေနဖို႔လိုအပ္ပါတယ္။အမ်ားစုကေတာ့ အခ်ိန္မေပးႏိုင္လို႔ ပန္းပင္လို႔ ဘာျဖစ္လို႔ ညာျဖစ္လို႔ဆိုတဲ့အေက်ာင္းျပခ်က္ေတြနဲ႔ တျခားကုိယ့္ဘဝအတြက္ အေရးပါတဲ့သင္တန္းေတြတက္တာ အြန္လိုင္းကေနေလ့လာတာမ်ဳိးေတြကို မလုပ္ၾကပါဘူး။ေရာက္ တဲ့ေနရာမွာပဲ ဆက္လက္လုပ္ကိုင္ေနရင္း ေက်နပ္ေနတက္ၾကပါတယ္။ဒါဟာတကယ့္ကိုမွားယြင္းတဲ့အခ်က္ပါ။ကိုယ့္အေနနဲ႔ ပိုေကာင္းတဲ့ေနရာတစ္ခုကိုေရာက္ခ်င္ရင္သူမ်ားထက္ေတာ့ အားပိုစိုက္ထုတ္ဖို႔လိုပါလိမ့္မယ္။အပင္ပန္းခံၿပီး ေလ့လာသင္ယူစရာေတြကိုဆက္လက္ေလ့လာမွသာ ေနာက္တစ္ဆင့္ကိုတက္လွမ္းႏုိင္မွာပါ။ဒါေၾကာင့္ေရာက္ရာအရပ္မွာပဲ ရပ္တန္႔ မေနပါနဲ႔။ဆက္လက္ေလ့လာပါ။အခ်ိန္ေပးၿပီးဘဝအတြက္လိုအပ္တဲ့လက္နက္ေတြကိုစုေဆာင္းသြားပါ။

 

(၄) ဝါသနာကုိမဆန္းစစ္ပဲ အလုပ္ေရြးခ်ယ္ျခင္း

Source : Save the Student

ကိုယ္တကယ္ဝါသနာပါတဲ့အရာကဘာလဲဆိုတာကိုယ့္ကိုယ္ကိုဆန္းစစ္ဖူးပါသလား။ကိုယ္ရဲ႕ဝါသနာနဲ႔ ထပ္တူမက်တဲ့ အလုပ္မွာလုပ္ကိုင္ေနျခင္းက ထင္သေလာက္ေအာင္ျမင္မႈရရွိမွာမဟုတ္သလို အခ်ိန္ၾကာၾကာလည္းေပ်ာ္ရႊင္စြာလုပ္ကိုင္ႏိုင္မွာမဟုတ္ပါဘူး။ကိုယ္တကယ္ဝါသနာပါတဲ့အလုပ္တစ္ခုကို လုပ္ကိုင္ေနျခင္းက အလုပ္ကိုအလုပ္လို႔ေတာင္ထင္မိမွာမဟုတ္ဘဲအခ်ိန္ေတြကုန္လို႔ကုန္မွန္းမသိေပ်ာ္ရႊင္စြာအလုပ္လုပ္ေနမိမွာျဖစ္ပါတယ္။အခ်ိန္ေတြၾကာလာတဲ့အထိလည္းပ်င္းရိၿငီးေငြ႕လာမွာမဟုတ္ပဲ ဘယ္လိုပိုေကာင္စတဲ့ အရာေတြကိုလုပ္ကိုင္ရမလဲဆိုတာကိုပဲေတြးေနမိမွာပါ။ဒါေၾကာင့္အရင္ဆံုးကိုယ္ရဲ႕ဝါသနာကိုဦးစားေပးစဥ္းစားၾကည့္ပါ။ကိုယ့္ရဲ႕အိပ္မက္ေတြဝါသနာေတြကအလွမ္းေဝးေနတယ္ဆိုရင္ေတာင္ တစ္ဆင့္ခ်င္းႀကိဳးစားၿပီးေလ်ာက္လွမ္းၾကည့္ပါ။တစ္ေန႔လိုခ်င္တဲ့ေနရာ တစ္ခုကိုေရာက္ႏိုင္မွာျဖစ္ပါတယ္။ဒါေၾကာင့္အလုပ္လုပ္ေတာ့မယ္ဆိုရင္ ဝါသနာကိုအရင္းခံၿပီးလုပ္ကိုင္ရတဲ့အလုပ္မ်ဳိးေသခ်ာေရြးခ်ယ္တက္ဖို႔အေရးႀကီးပါတယ္။

[Unicode]

တစ်ချို့သောလူငယ်တွေအနေနဲ့ မိမိတို့ လုပ်ကိုင်နေကြတဲ့ အလုပ်နဲ့ ပတ်သတ်ပြီး မှားယွင်းစွာလက်ခံထားတဲ့ အရာတွေရှိတက်ကြပါတယ်။ဒီတစ်ခေါက်မှာတော့ လူငယ်တွေအနေနဲ့ အလုပ်ခွင်ဝင်တဲ့အခါ မှားယွင်းနေတဲ့ အယူအဆလေးတွေကနေ ရုန်းထွက်ပြီး မှန်ကန်တဲ့လမ်းကြောင်းတစ်ခုလျောက်လှမ်းနိုင်ဖို့ သိထားသင့်တဲ့အချက်လေးတွေကိုပြောပြပေးချင်ပါတယ်။

(၁) ငွေနောက်လိုက်ခြင်း

Source : Training Journal

အလုပ်လုပ်တဲ့အခါ လစာများတဲ့အလုပ်ခွင်မှာ လုပ်ချင်ကြတဲ့ ဆန္ဒတစ်ခု လူငယ်တိုင်းမှာရှိကြပါတယ်။တကယ်တော့ ကိုယ့်အတွက် အနာဂတ်မှာနေရာကောင်းတစ်ခုရဖု့ိကိုအဓိကတွေးပြီးအလုပ်ခွင်ကိုရွေးချယ်သင့်တာပါ။လုပ်ငန်းအတွေ့အကြုံနည်းပြီး လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းမှုနည်းနေသေးတဲ့အချိန်မှာငွေနောက်လိုက်ပြီး ငွေရရုံမှတပါး ပညာသိပ်မရတဲ့အလုပ်မှာလုပ်ကိုင်နေခြင်းက လုံးဝကိုမှားယွင်းတဲ့အယူအဆတစ်ခုပါ။ဒါကြောင့် ကိုယ့်အနေနဲ့ ငယ်ရွှယ်စဉ်အချိန်မှာ ပညာရတဲ့အလုပ်မျိုးကိုသာဦးစားပေးသင့်ပါတယ်။အသိပညာဗဟုသုတတွေစုံလာပြီးလုပ်ငန်းကျွမ်းကျင်မှုများလာတဲ့အခါ ကိုယ်ကငွေနောက်ကို လိုက်စရာမလိုတော့ပါဘူး။ငွေကကိုယ်နောက်ကိုပြန်လိုက် လာမှာဖြစ်ပါတယ်။

(၂) ချောင်တဲ့အလုပ်မှာလုပ်ကိုင်ခြင်း

Source : Shutterstock

လူတိုင်းလူတိုင်းစိတ်ဖိစီးမှုမရှိတဲ့ချောင်လည်တဲ့အလုပ်ခွင်မျိုးကိုကြိုက်နှစ်သက်ကြပါတယ်။ဒါပေမဲ့ ဘားမှဖိအားလည်းသိပ် မရှိဘူး နေ့ရက်တိုင်းကိုလုပ်နေကြလုပ်ငန်းတာဝန်တွေနဲ့ အချိန်မှန်လစာရနေတဲ့ ချောင်တဲ့အလုပ်မှာလုပ်ကိုင်နေခြင်းက သင့် ရဲ့ စွမ်းဆောင်ရည်ကိုတဖြည်းဖြည်းလျော့ကျလာစေမှာဖြစ်ပြီး တီထွင်ကြံစမှုတွေလည်း ရှိတော့မှာမဟုတ်ပါဘူး။ဘာပဲဖြစ်ဖြစ် Riskယူရဲတဲ့ သတ္တိကိုတော့မွေးသင့်ပါတယ်။လူဆိုတာ ဖိအားရှိမှလည်း ပိုမြင့်တဲ့နေရာတစ်ခုကိုရောက်ဖို့ အလားအ လာပိုရှိမှာဖြစ်ပါတယ်။ဒါကြောင့် Comfort Zone ထဲမှာပဲ နစ်မြောမနေပါနဲ့။ စွန့်စားရတဲ့အလုပ်မျိုးလုပ်ကိုင်ဖို့ အကြံပြုချင်ပါတယ်။

(၃) ရောက်တဲ့နေရာမှာပဲရပ်နေခြင်း

Source : Shutterstock

သင်ယူလေ့လာမှုဆိုတာ ဘယ်တော့မှရပ်တန့်သွားခြင်းမရှိပါဘူး။အလုပ်ခွင်ဝင်နေတဲ့လူငယ်တွေအနေနဲ့လည်း ပိုကောင်းတဲ့နေရာတစ်ခုကိုရောက်ချင်ရင် ဆက်လက်သင်ယူလေ့လာနေဖို့လိုအပ်ပါတယ်။အများစုကတော့ အချိန်မပေးနိုင်လို့ ပန်းပင်လို့ ဘာဖြစ်လို့ ညာဖြစ်လို့ဆိုတဲ့အကျောင်းပြချက်တွေနဲ့ တခြားကိုယ့်ဘဝအတွက် အရေးပါတဲ့သင်တန်းတွေတက်တာ အွန်လိုင်းကနေလေ့လာတာမျိုးတွေကို မလုပ်ကြပါဘူး။ရောက် တဲ့နေရာမှာပဲ ဆက်လက်လုပ်ကိုင်နေရင်း ကျေနပ်နေတက်ကြပါတယ်။ဒါဟာတကယ့်ကိုမှားယွင်းတဲ့အချက်ပါ။ကိုယ့်အနေနဲ့ ပိုကောင်းတဲ့နေရာတစ်ခုကိုရောက်ချင်ရင်သူများထက်တော့ အားပိုစိုက်ထုတ်ဖို့လိုပါလိမ့်မယ်။အပင်ပန်းခံပြီး လေ့လာသင်ယူစရာတွေကိုဆက်လက်လေ့လာမှသာ နောက်တစ်ဆင့်ကိုတက်လှမ်းနိုင်မှာပါ။ဒါကြောင့်ရောက်ရာအရပ်မှာပဲ ရပ်တန့် မနေပါနဲ့။ဆက်လက်လေ့လာပါ။အချိန်ပေးပြီးဘဝအတွက်လိုအပ်တဲ့လက်နက်တွေကိုစုဆောင်းသွားပါ။

 

(၄) ဝါသနာကိုမဆန်းစစ်ပဲ အလုပ်ရွေးချယ်ခြင်း

Source : Save the Student

ကိုယ်တကယ်ဝါသနာပါတဲ့အရာကဘာလဲဆိုတာကိုယ့်ကိုယ်ကိုဆန်းစစ်ဖူးပါသလား။ကိုယ်ရဲ့ဝါသနာနဲ့ ထပ်တူမကျတဲ့ အလုပ်မှာလုပ်ကိုင်နေခြင်းက ထင်သလောက်အောင်မြင်မှုရရှိမှာမဟုတ်သလို အချိန်ကြာကြာလည်းပျော်ရွှင်စွာလုပ်ကိုင်နိုင်မှာမဟုတ်ပါဘူး။ကိုယ်တကယ်ဝါသနာပါတဲ့အလုပ်တစ်ခုကို လုပ်ကိုင်နေခြင်းက အလုပ်ကိုအလုပ်လို့တောင်ထင်မိမှာမဟုတ်ဘဲအချိန်တွေကုန်လို့ကုန်မှန်းမသိပျော်ရွှင်စွာအလုပ်လုပ်နေမိမှာဖြစ်ပါတယ်။အချိန်တွေကြာလာတဲ့အထိလည်းပျင်းရိငြီးငွေ့လာမှာမဟုတ်ပဲ ဘယ်လိုပိုကောင်စတဲ့ အရာတွေကိုလုပ်ကိုင်ရမလဲဆိုတာကိုပဲတွေးနေမိမှာပါ။ဒါကြောင့်အရင်ဆုံးကိုယ်ရဲ့ဝါသနာကိုဦးစားပေးစဉ်းစားကြည့်ပါ။ကိုယ့်ရဲ့အိပ်မက်တွေဝါသနာတွေကအလှမ်းဝေးနေတယ်ဆိုရင်တောင် တစ်ဆင့်ချင်းကြိုးစားပြီးလျောက်လှမ်းကြည့်ပါ။တစ်နေ့လိုချင်တဲ့နေရာ တစ်ခုကိုရောက်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်အလုပ်လုပ်တော့မယ်ဆိုရင် ဝါသနာကိုအရင်းခံပြီးလုပ်ကိုင်ရတဲ့အလုပ်မျိုးသေချာရွေးချယ်တက်ဖို့အရေးကြီးပါတယ်။