အာရုံကြော ကျန်းမာရေးအတွက် ဘယ်လိုနေထိုင်ရမယ် ဘယ်လိုစားသောက်ရမယ် ဘယ်လိုဆေးတွေ မှီဝဲရမယ်ဆိုတဲ့ နည်းလမ်းလေးတွေ အပြင် အခြေခံကျကျ ပြုလုပ်ရမယ့် လေ့ကျင့်ခန်းတွေကလည်း သပ်သပ်ရှိနေပါသေးတယ်။ ဒီလို အာရုံကြောကျန်းမာရေးအတွက် အခြေခံကျတဲ့ လေ့ကျင့်ခန်းတွေကိုလည်း ဖော်ပြပေးချင်ပါတယ်။

စာရေးတာ

Source: www.oxfordlearning.com

အာရုံကြောကျန်းမာရေး တိုးတက်ကောင်းမွန်စေဖို့အတွက် စာရေးတဲ့ လေ့ကျင့်ခန်းကို လုပ်ပေးရပါမယ်။ ပစ်စလက်ခတ် ရေးတာမျိုးမဟုတ်ဘဲ သေသေသပ်သပ် လှလှပပ ရေးသားရမှာပါ။ တစ်နေ့ကို ၁၅ မိနစ်လောက် စာရေးတဲ့ အလေ့အကျင့်လုပ်ပေးခြင်းအားဖြင့် အာရုံကြောကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

စာရွက်ပေါ်မှာ ပုံဆွဲတာ

Source: www.tutorials.writersdigest.com

စာရွက်ပေါ်မှာ ပုံဆွဲတာဟာလည်း အာရုံကြောကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ လေ့ကျင့်ခန်းပါပဲ။ အာရုံစူးစိုက်မှုအားကောင်းစေသလို စိတ်ကိုလည်း ပျော်ရွှင်မြူးကြွစေတဲ့ အလေ့အကျင့်ကောင်းဖြစ်ပါတယ်။ ဒါ့ကြောင့် အာရုံကြောအားကောင်းစေဖို့အတွက် ပုံဆွဲတဲ့ လေ့ကျင့်ခန်းတွေလုပ်ကြဖို့ အကြံပြုချင်ပါတယ်။

Puzzle ကစားတာ

Source: www.en.wikipedia.org

ပဟေဠိ ဂိမ်းကလေးတွေဟာလည်း အံ့သြစရာကောင်းလောက်အောင် အာရုံကြောကျန်းမာရေးအတွက် အထူးကောင်းမွန်စေပါတယ်။ ပျော်ရွှင်စရာလည်း ကောင်းသလို ဥာဏ်ရည်ကိုလည်း ထက်မြက်စေတဲ့အတွက် ဒီလောက် အဆင်ပြေတဲ့ အာရုံကြောကျန်းမာရေးကောင်းမွန်စေတဲ့ လေ့ကျင့်ခန်းမျိုးရှိတော့မယ်မထင်ပါဘူး။

ဂိမ်းကစားတာ

Source: www.capsulecomputers.com.

ပဟေဠိဂိမ်းတွေတင်မကပါဘူး။ ဂိမ်းလေးတွေကလည်း အာရုံကြောကို ကောင်းမွန်စေပါတယ်။ ဒါပေမယ့် နေ့မအားညမနား ဂိမ်းပဲထိုင်ဆော့နေမယ်ဆိုရင်တော့ အာရုံကြောကို ကောင်းမွန်စေမှာမဟုတ်တော့ဘဲ ကျန်းမာရေးကို ဆိုးဆိုးဝါးဝါး ထိခိုက်စေနိုင်ပါလိမ့်မယ်။ ဒီတော့ တန်ဆေးလွန်ဘေးဆိုတဲ့စကားကိုတော့ မမေ့ပါနဲ့နော်။