လူတွေဟာ ကိုယ်ကိုယ်တိုင်လည်း လန်းလန်းဆန်းဆန်း တက်တက်ကြွကြွ နေချင်သလို ကိုယ်နဲ့အတူ တွေ့မြင်နေရတဲ့ သူတွေကိုလည်း လန်းဆန်းတက်ကြွနေတာပဲ မြင်ချင်ကြပါတယ်။ ဘယ်သူကမှ ထိုင်းထိုင်းမှိုင်းမှိုင်းနဲ့ စိတ်ဓာတ်ကျနေတဲ့ ပုံစံကို လိုလည်းမလိုချင်သလို မြင်လည်း မမြင်ချင်ကြပါဘူး။ ဒီတော့ နေ့စဉ် လန်းဆန်းတက်ကြွနေစေဖို့ ဘာတွေ လိုအပ်မယ်ထင်ပါသလဲ။

မနက်စောစောထပါ။

Source: Shutterstock

နေ့တစ်နေ့ရဲ့ အဖွင့်ဖြစ်တဲ့ မနက်ခင်းဟာ အရေးကြီးဆုံးဖြစ်ပါတယ်။ မနက်ခင်းကို စိတ်လက်ကြည်သာစွာနဲ့ စောစောစီးစီး နိုးထ လာခဲ့မယ်ဆိုရင် တစ်နေ့တာလုံးဟာ လန်းဆန်းတက်ကြွနေမှာ သေချာပါတယ်။ နောက်ကျမှ ထသူတွေဟာ တစ်နေ့တာလုံးအတွက် စိတ်လက်ကြည်သာမှုမရှိဘဲ ထိုင်းထိုင်းမှိုင်းမှိုင်းဖြစ်နေမှာပါ။

အာဟာရပြည့်ဝစွာ စားသောက်ပါ။

Source: Shutterstock

အစားအသောက် နေထိုင်မှုပုံစံကလည်း သင့်ရဲ့တစ်နေ့တာကို ထင်ဟပ်နေစေမှာပါ။ ဒီတော့ အာဟာရပြည့်ဝစွာ စားသုံးဖို့ လိုအပ်ပါတယ်။ အာဟာရမပြည့်ဝခဲ့ဘူးဆိုရင် တစ်နေ့တာလုံး လန်းဆန်းတက်ကြွနေဖို့ မလွယ်ပါဘူး။ စက်ပစ္စည်းတွေတောင် ဆီတို့ ဘက္ထရီတို့ ဖြည့်မှ ကောင်းကောင်း လည်ပတ်နိုင်တာပါ။

ကိုယ့်ကိုယ်ကိုယ် အမြဲ စိန်ခေါ်နေပါ။

Source: Shutterstock

စိန်ခေါ်မှုတွေနဲ့ အသက်ဆက်ရတာ ပျော်စရာကောင်းပါတယ်။ ဒီနေ့ ကိုယ် ဘာတွေ လုပ်ခဲ့တယ်။ နောက်နေ့မှာ ဒီ့ထက်ကောင်းအောင် ဘာတွေ လုပ်မယ်။ အိမ်၊ အလုပ်၊ ကျောင်းမှာလည်း ကိုယ့်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေအတွက် ကိုယ့်ကိုယ်ကိုယ်အမြဲစိန်ခေါ်နေပါ။ ကိုယ့်အတွက် အကောင်းဆုံးပြိုင်ဘက်ဟာ ကိုယ်ပဲ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ဆုချဖို့လည်း မမေ့ပါနဲ့။

Source: Shutterstock

အထက်ကဖော်ပြခဲ့သလို ကိုယ့်ကိုယ်ကိုယ်စိန်ခေါ်ပြီး ကိုယ့်ရဲ့ နေ့ရက်တွေကို ကြိုးစားအားထုတ်မှုအပြည့်နဲ့ ဖြတ်သန်းပြီးတဲ့အခါမှာ ရလာတဲ့ အားထုတ်မှုရလာဒ်တွေအတွက် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ပြုပေးဖို့လည်း မမေ့ပါနဲ့။ ကိုယ်လိုချင်တဲ့ပစ္စည်း၊ ကိုယ်စားချင်တဲ့အစားအစာတွေကို အဲဒီလိုအချိန်တွေမှာ ဆုအဖြစ် ကိုယ့်ကိုယ်ကိုယ် ပေးလိုက်ပါ။