[Zawgyi]


(၁) ဒါတွေ စားကြည့်ပါ

Source: Pexels


(၂) ပုံစံပြောင်းပါ

Source: Pexels


(၃) သီချင်းနားထောင်ပါ

Source: ShutterStock



Source: Unsplash


[Unicode]

နေ့လယ်နေ့ခင်းတွေဆိုရင် လူတော်တော်များများဟာ ဗိုက်တင်းတင်းနဲ့ငိုက်ချင်ကြပါတယ်။ အလုပ်မှာတော့ ခိုးအိပ်လို့လည်း မကောင်းတာကြောင့် အိပ်ချင်ပြေစေမယ့်နည်းလေးတွေ သုံးဖို့လိုပါတယ်။

(၁) ဒါတွေ စားကြည့်ပါ

Source: Pexels

ငိုက်လာပြီဆိုရင် ပီကေဝါးကြည့်ပါ။ သိသိသာသာ လန်းဆန်းသွားပါလိမ့်မယ်။ ကော်ဖီဆိုရင်လည်း တစ်ခါသောက်ပြီးရင် ကဖိန်းဓါတ်ဟာ ၂ နာရီကနေ ၃ နာရီအထိ ခံတာကြောင့် အာရုံတွေ နိုးကြားလာမှာပါ။

(၂) ပုံစံပြောင်းပါ

Source: Pexels

ထိုင်ခုံမှာ ကြာကြာနေရင် ပိုပြီး ထိုင်းမှိုင်းပါတယ်။ ဟိုနားဒီနား လမ်းလျှောက်ပါ။ အကြောလေး ဘာလေး ၅ မိနစ်လောက် လျှော့ပါ။ အဆင်ပြေရင် လေ့ကျင့်ခန်းလေး ဘာလေးလုပ်ကြည့်လိုက်ပါ။ အိပ်ချင်ပြေတာ တွေ့ရပါလိမ့်မယ်။

(၃) သီချင်းနားထောင်ပါ

Source: ShutterStock

နားကြပ်တပ်ပြီး သီချင်းနားထောင်လိုက်မယ်ဆိုရင် စိတ်လည်း အပြောင်းအလဲ ဖြစ်စေမယ်။ လူလည်း နိုးကြားလာစေပါတယ်။

(၄) သူငယ်ချင်းတွေနဲ့စကားပြောနေပါ

Source: Unsplash

တစ်ယောက်တည်း တကုပ်ကုန် ထိုင်လုပ်နေရင် ပိုပြီး အိပ်ချင်သွားပါလိမ့်မယ်။ မျက်စိလေးဘာလေး ကျယ်သွားအောင် ဘော်ဒါတွေ ၊ လုပ်ဖော်ကိုင်ဖက်မိတ်ဆွေတွေနဲ့ရုံးအောက် ခဏဆင်းပြီး လေလေးဘာလေး ပစ်လိုက်ပါဦး။