သီချင်းမြူးမြူးလေးတွေနဲ့ အလန်းစားစာသားတွေ ၊ အလန်းစားဖက်ရှင်တွေကြောင့် ပရိသတ်အသိအမှတ်ပြုခံထားရတဲ့ အဆိုတော် အမွန်းကတော့ ခုချိန်မှာ သူ့ပရိသတ်တွေအတွက် သီချင်းအသစ်တွေ လုပ်နေတယ်လို့ ပြောသွားခဲ့ပါတယ်။

Source: Ah Moon Facebook Page

အခွေအနေနဲ့ထွက်လာမလား ဒါမှမဟုတ် တစ်ပုဒ်ချင်းထွပ်လာမလားဆိုတာကိုတော့ ကာယကံရှင်ဖြစ်တဲ့ သူမကိုယ်တိုင်တောင် မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။ ပရိသတ်လက်ထဲ အရောက်ပို့နိုင်အောင် ၊ အမြန်ဆုံးထွက်နိုင်အောင် အမွန်းတစ်ယောက် စီစဉ်နေတယ်လို့ သိရပါတယ်။

Source: Ah Moon Facebook Page

သီချင်းတွေရေးတဲ့အခါမျိုးမှာ ရေးရင်းနဲ့  သီချင်းတွေဆက်တိုက် ထွက်လာတတ်တဲ့ ဗီဇကြောင့် သေချာအတပ် မပြောတတ်သေးပေမယ့်  မြန်မြန်တော့ စီစဉ်မှာပါလို့ ဆက်ပြောခဲ့ပါတယ်။

Source: Ah Moon Facebook Page

မြန်မာသီချင်းနဲ့ အင်္ဂလိပ်သီချင်း နှစ်မျိုးကို မျှစေဖို့   နှစ်မျိုလုံးအတွက် ပြင်ဆင်နေတဲ့  အမွန်းဟာ သူမကို  ချစ်ပေးတဲ့ ပရိသတ်တွေကို အရမ်းကျေးဇူးတင်တယ်လို့ ပြောသွားခဲ့ပါတယ်။

Source: Ah Moon Facebook Page