တေးသီချင်းအေးအေးချိုချိုလေးတွေနဲ့ ပရိသတ်တွေအသိအမှတ်ပြုခြင်း ခံထားရတဲ့ အဆိုတော် Dယံ က ပရိသတ်ရှေ့မှောက်ကနေ ပျောက်သွားခဲ့တာအတော်ကြာနေပါပြီ။ ရင်သွေးငယ်နဲ့အတူ မိသားစုဘဝကို ဖြတ်သန်းရင်း တကိုယ်တော် တေးအယ်ဘမ်မထွက်ဖြစ်တာ အတော်ကြာနေပြီဖြစ်တဲ့ အဆိုတော် Dယံ ရဲ့ တေးအယ်ဘမ်သစ်ကို မကြာခင် တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။

Source: Dyan Vocalist Facebook

100% လို့ အမည်ပေးထားတဲ့ အဆိုတော် Dယံ ရဲ့ တေးအယ်ဘမ်သစ်မှာ Featuring တွေအနေနဲ့ အဆိုတော် ဟဲလေး ၊ အဆိုတော် ဂေဂေး ၊ အဆိုတော် Jewel နဲ့ အဆိုတော် ပန်းရောင်ခြယ်တို့က ပါဝင်အားဖြည့်ပေးမှာ ဖြစ်ပါတယ်။

Source: Dyan Vocalist Facebook

တေးသီချင်းခွေထဲမှာ ကိုယ်တိုင် ရေးသားထားတဲ့ တေးသီချင်းတွေလည်း ပါဝင်မှာဖြစ်သလို တေးရေးဆရာ စိုးလင်းရဲ့ တေးသီချင်းတွေလည်း ပါဝင်မှာဖြစ်ပါတယ်။ Band အနေနဲ့ကတော့ Hibird ၊ Oxygen နဲ့ Dယံကိုယ်တိုင် တီးခတ်မှာဖြစ်ပါတယ်။ M United Entertainment ကနေ တပြည်လုံးကို ဖြန့်ချီပေးမှာပဲ ဖြစ်ပါတယ်။

Source: Dyan Vocalist Facebook