တေးသီချင်း အမိုက်စားတွေ နဲ့ ချစ်စရာ မျက်နှာပေးဟန်ပန် ၊ ဂျစ်ကန်ကန်စကားပြောဆိုမှုတွေကြောင့် လူချစ်လူခင်အရမ်းကို ပေါများလွန်းတဲ့ အဆိုတော်မလေး မိစန္ဒီဟာ တေးသီချင်းအရာမှာတင် တော်တာမဟုတ်ပါဘူး။ နိုင်ငံရဲ့ သန့်ရှင်းမှုအပေါ်လည်း အလေးအနက်ထားတဲ့ စိတ်ထားလေးရှိသူပါ။

Source: Mi Sandi Facebook Page

#အမှိုက်ကောက်တာရှက်စရာမဟုတ်ပါ  ၊ #စည်းကမ်းမဲ့အမှိုက်ပစ်ခြင်းကရှက်စရာပါ အစချီတဲ့ စကားလုံးလေးတွေနဲ့ သူ့ရဲ့ Facebook ပေ့ခ်ျမှာ သူ လုပ်အားပေးခဲ့တဲ့ campaign တစ်ခုအကြောင်းကို ရေးတင်ထားပါတယ်။

Source: Mi Sandi Facebook Page

စက်တင်ဘာလ ၈ရက်နေ့က  မိစန္ဒီဟာ ရှင်းသန့်မြန်မာ အဖွဲနဲ့ အတူ Anti-litter Awareness campaign မှာပါဝင်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ သူတို့ရဲ့ campaignကတော့  လှည်းတန်း မြို့နယ် တစ်ဝိုက် အမှိုက်ကောက် လှုပ်ရှားမှုလုပ်တာပါ။

Source: Mi Sandi Facebook Page

မိစန္ဒီက “မိစန္ဒီတို့ မြန်မာနိုင်ငံကြီးဟာ သဘာဝတရားတွေ သမိုင်းဝင်နေရာတွေနဲ့ အလွန်လှပတဲ့နိုင်ငံကြီးပါ.. စည်းကမ်းမဲ့ အမှိုက်ပစ်ခြင်းဟာ ပတ်ဝန်းကျင်ကို ရုပ်ဆိုးအကျည်းတန်စေတဲ့ အပြင် ကျန်းမာရေး ပြသနာတွေရော.. နောက် ရေမြောင်းပိတ်ဆို့တာတွေ ဘာတွေ ပတ်ဝန်းကျင်ဆိုင်ရာ ပြသနာတွေရောပါ ဖြစ်ပေါ်စေပါတယ်.. နောက်ပြီး တကယ့်ကို Tourist attraction နေရာတွေ ဆို အမှိုက်တွေ တစ်ပုံတစ်ပင်နဲ့ သူများတွေအမြင်မှာ ရှက်စရာကောင်းပါတယ်..

Source: Mi Sandi Facebook Page

ဒါကြောင့် စည်းကမ်းမဲ့ အမှိုက်မပစ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်.. mwahhh” လို့ လုပ်အားပေး ဓာတ်ပုံတွေနဲ့ အတူ အဲဒီ စာသားကို ရေးတင်ခဲ့ပါတယ်။