ခုနောက်ပိုင်းမှာ ဆိုရှယ်မီဒီယာမှာ လူအချင်းချင်း body shaming လုပ်တာတွေ အရမ်းကို များပြားလာပါတယ်။ ဒီလို body shaming လုပ်ခံရတဲ့သူတွေဆိုရင်လည်း မအိပ်နိုင် ဖြစ်ကြရတာပါ။ ဒါပေမယ့်လည်း body shaming လုပ်နေသူတွေကတော့ ဆက်လုပ်နေကြစမြဲပါပဲ။

Source: Mi Sandi Facebook

ဒီလို body shaming အလုပ်ခံရတဲ့ သူတွေအတွက် တေးသံရှင် မိစန္ဒီက တေးသီချင်းတစ်ပုဒ်နဲ့ အားပေးထားပါတယ်။ သူက “လူအချင်းချင်းShaming လုပ် တဲ့ စိတ်ဓာတ် တွေကိုထားခဲ့ ပြည့် ပြည့် ဝဝ ကောင် မ လေး တွေလည်း တကယ် လှတယ် ပိန် ပိန် ပါးပါး shorty လေး တွေလည်း အထာကျတယ် .. စိတ် လှဖို့က အဓိက အ ပေါ်ယံကြည့် ရင် မှားမယ် ” ဆိုပြီး ပြောထားပါတယ်။

Source: Mi Sandi Facebook

တေးသီချင်းလေးရဲ့ နာမည်ကတော့ လပြည့် ဝန်း ဖြစ်ပါတယ်။ ဒီMusic Video ကို ဖန်တီးရိုက်ကူးပေးထားသူကတော့ ဒါရိုက်တာ ဝင်းလွင်ထက်ပါ။ ဒီvideo လေးကိုရိုက် ဖို့ အများကြီး ပြင် ဆင်ကြိုးစားခဲ့ရပြီး မတူညီ တဲ့ အလှအပတွေကို ပိုင် ဆိုင် ထားတဲ့ မိန်းမ ချော လေး တွေ အများကြီး ပါဝင် ရိုက်ကူးထားပါတယ်။

Source: Mi Sandi Facebook

ထူးခြားတဲ့ တေးသီချင်းပုံစံနဲ့ ထူးခြားတဲ့ ရိုက်ကူးထားမှုတွေကြောင့် သူ့ကို အားပေးကြဖို့ မိစန္ဒီက ပရိသတ်ကို တောင်းဆိုထားပါတယ်။