တေးချစ်သူပရိသတ်ကြီးတွေအတွက် မိုးတွင်းကာလဟာ Show ပွဲတွေနည်းပါးပြီး သီချင်းကောင်းတွေနဲ့ အလှမ်းဝေးနေရတဲ့ အချိန်ဖြစ်ပါတယ်။ ဒီနေ့မှာတော့ တေးချစ်သူတွေဝမ်းသာကျေနပ်ကြရမယ့် Stage Show ပွဲ ကြီးတစ်ခုကျင်းပတော့မယ် ဆိုတဲ့အကြောင်းကို သတင်းပေးချင်ပါတယ်။

ကမ်းလှဲ့ မေတ္တာ ဂီတည

Source: Beatlemania Stage Show

Show ပွဲရဲ့နာမည်က ကမ်းလှဲ့ မေတ္တာ ဂီတည ပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် နာမည်လေးက ခပ်ဆန်းဆန်းလေး ဖြစ်နေမှာပေါ့နော်။ တကယ်တော့ ဒီရှိုးပွဲလေးဟာ သာမန်ချိန်တွေမှာ ကျင်းပတဲ့ရှိုးပွဲတွေနဲ့ တော့ ဘယ်လိုမှမတူနိုင်ပါဘူး။

ပွဲရည်ရွယ်ချက်

Source : Red Occasions

ကမ်းလှဲ့ မေတ္တာ ဂီတညဆိုတဲ့ ရှိုးပွဲလေးဟာ ရေဘေးရံပုံငွေပွဲပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံ ပဲခူးတိုင်း၊ ကရင်ပြည်နယ်နှင့် မြို့နယ် ၉ မြို့နယ်တို့မှာရေဘေးသင့်နေတဲ့အတွက် အနုပညာရှင်တွေစုစည်းပြီး တတ် အားသရွှေ့ကူညီပံ့ပိုး ပေးသွားမှာဖြစ်ပါတယ်။ ကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ဦးဆောင်စီစဉ်တယ်လို့လဲ သိရပါတယ်။

ပါဝင်ကြမယ့်အဆိုတော်များ

Source : Duwun

ပါဝင်သီဆိုကြမယ့်အဆိုတော်တွေကတော့ တေးချစ်သူတွေအကြိုက်ဖြစ်တဲ့ စောဖိုးခွား (Reggae) ၊ ဂရေဟမ်၊ ရိန်မိုး၊ ကောင်းကောင်း၊ စောလားထော်ဝါး၊ ရေဗက္ကာဝင်း၊ လူးလူ တို့ပဲဖြစ်ပါတယ်။ ကူညီတီးခတ်ပေး မယ့် Band ကတော့ One Love Band ဖြစ်ပါတယ်။

အချိန်နဲ့နေရာ

Source: stvincentdepaulbend.org

ကမ်းလှဲ့ မေတ္တာ ဂီတည ရံပုံငွေ တေးဂီတပွဲလေးကို ယခု သြဂုတ်လ ၁၁ ရက်နေ့မှာ မင်းရဲကျော်စွာ လမ်း၊ လမ်းမတော်မှာရှိတဲ့ MBC Compound မှာ ညနေ ၆နာရီခွဲမှ ၉နာရီခွဲထိ ကျင်းပသွားမှာပဲဖြစ်ပါတယ်။

ထူးခြားချက်

Source: HuffPost

ရံပုံငွေရှိုးပွဲလေးရဲ့ထူးခြားချက်ကတော့ ၀င်ကြေးအခမဲ့ပဲဖြစ်ပါတယ်။ ရေဘေးသင့်ပြည်သူများကိုလည်း ကူညီနိုင်သလို ကိုယ်ကြိုက်နှစ်သက်တဲ့ တေးသီချင်းတွေကိုလည်းတ၀ကြီးနားထောင်ရမှာ ဖြစ်တဲ့လက်မလွှတ် သင့်တဲ့ ပွဲလေးတစ်ပွဲဖြစ်တယ်ဆိုတာ လက်တို့လိုက်ပါတယ်နော်။