တေးသံရှင်ပိုပိုရဲ့  “Masterpiece” တေးစီးရီးမိတ်ဆက်လက်မှတ်ရေးထိုးပွဲကို စက်တင်ဘာလ ၉ရက်နေ့ညနေပိုင်းက ရန်ကုန်မြို့ ကန်တော်ကြီး Promotion Area မှာကျင့်ပခဲ့ပါတယ်။ The Sun Music Productionကနေ  ဖြန့်ချိပြီး စုစုပေါင်းသီချင်း ၁၆ပုဒ်ပါဝင်ပါတယ်။

Source: ဝတ် ရည် မိုး(popo facebook)

ပွဲကို ပိုပိုနဲ့အတူ  အောင်ရဲလင်း ၊ ဟဲလေး ၊ ဇေယျ ၊ သားသား ၊  ရဲရင့်အောင် ၊ မနော ၊ အောင်လေး ၊ မင်းသာကီ ၊ ပိုင်တံခွန် ၊ ဒေါင်း ၊ လင်းအောင်ခေတ် ၊  ကျော်စု ၊ ဟိဏ်းသစ် ၊ မျိုးကိုကိုကျော် ၊BK Okkar Hein ၊ ဆူဇီ ၊ စန္ဒီမြင့်လွင် ၊ စုစန္ဒီထွန်း ၊ ပန်းပန် ၊ အင်ကြင်းထူး ၊ Kandy K ၊ Yoon Ei နဲ့ Here&Now Dance Crews တို့က အမှတ်တရလက်မှတ်ရေးထိုးဖျော်ဖြေပေးမှာပါ။ Fan တွေ  ၊ ပရိတ်သတ်တွေနဲ့  ပျော်ပျော်ပါးပါးလက်မှတ်ရေးထိုးခဲ့ကြပြီး  တေးသီချင်းတွေနဲ့လည်း  သီဆိုဖျော်ဖြေခဲ့ကြပါတယ်။

Source: ဝတ် ရည် မိုး(popo facebook)

ဈေးနှုန်းအားဖြင့်တော့ တစ်ခွေကို ၂၀၀၀ကျပ်ဖြစ်ပါတယ်။ MV အမိုက်စားတွေနဲ့ ငွေကုန်ကြေးကျခံပြီး တကယ်စေတနာအပြည့်နဲ့ ရိုက်ကူးထားခဲ့တာဖြစ်တယ်လို့ အဆိုတော် ပိုပိုက ပြောပါတယ်။ စက်တင်ဘာ ၁၃ရက်နေ့မှာ မုံရွာ Ocean မှာ ပရိသတ်နဲ့ တွေ့ဆုံမှာဖြစ်ပြီး ၁၆ရက်နေ့မှာတော့ မန္တလေးက မနော် ရမ္မံမှာ ထပ်မံတွေ့ဆုံမယ်လို့ သိရပါတယ်။

Source: ဝတ် ရည် မိုး(popo facebook)