ပြောင်းလဲတိုးတက်မှုတွေများလာတာနဲ့အမျှ လူတွေဟာ ပြီးပြည့်စုံမှုကိုဦးစားပေးလာကြပါတယ်။ ဒီလိုသတ်မှတ်ချက်တွေအရပဲ ပြီးပြည့်စုံတဲ့ အမျိုးသားတစ်ယောက်ရဲ့စံဟာဘာတွေဖြစ်မလဲ လို့အမျိုးသမီးတွေဟာ အာရုံပိုစိုက်လာကြပါတယ်။ ရုပ်ခံရှိမှလား။ ဆွဲဆောင်မှုရှိမှလား။  ပိုက်ဆံရှာနိုင်မှလား။ ဘော်ဒီတောင့် မှလား။ ဖက်ရှင် ကျကျဝတ်ဆင်နိုင်မှလား။ ဒီကိစ္စဟာ အငြင်းပွားစရာပါ ဘာလို့လည်းဆိုတော့ လူတိုင်းဟာဒီအချက်တွေနဲ့ မကိုက်ညီနိုင်ပါဘူး။ တစ်ခုမဟုတ် တစ်ခုတော့ လိုအပ်တတ်ပါတယ်။ ၂၁ ရာစုမှာ သတ်မှတ်ထားတဲ့စံတွေနဲ့ ပြည့်တဲ့ အမျိုးသားကောင်းဟာ လွန်ခဲ့တဲ့အနှစ် ၅၀ ကယောက်ျားကောင်းတွေရှိသင့်တဲ့ အရည်အချင်းတွေနဲ့ ကွဲပြားကောင်းကွဲပြားနိုင်ပါလိမ့်မယ်။

Source: Shutterstock

သို့ပေမယ့်လူတိုင်းဟာ မပြည့်စုံနိုင်ပါဘူး ကိုယ်ကြီးပြင်းလာပုံ ၊ ဗီဇ ၊ဘဝပေးအနေအထား ၊ Shape လုပ်ခံရာတဲ့တွေပေါ်မူတည်ပြီး ကွာခြားသွားတာမို့ ဘောင်နဲ့သွားကန့်သတ်လို့မရပါဘူး။ အပေါ်ကအချက်တွေကို မွေးကတည်းကပါလာတာမဟုတ်ပေမယ့် ပတ်ဝန်းကျင်က Perfection လိုမြင်အောင်တော့ လုပ်ယူလို့ရပါတယ်။

Source: Shutterstock

အဲ့ဒါဘာလဲဆိုတော့ လူတွေက Physical ကို ဂရုစိုက်ကြပါတယ်။ Society ဆီက Impression ရဖို့ဆိုတာ လွယ်တော့လွယ်ပါတယ်။ လျှို့ဝှက်ချက်ကိုပြောပြရရင်တော့ သင်ဟာ သပ်ရပ်သန့်ပြန့်ပြီး အမြဲစတိုင်ကျနေဖို့ပဲလိုပါတယ်။ ဒီအချက်နဲ့ညီရင်တော့ သင့်ကို Perfection List ထဲမှာထိပ်ဆုံးစကထားပေးမှာပါ။

Source: Shutterstock

တစ်ခြားသူအမြင်မှာ ကြည့်ကောင်းဖို့ဆိုတာ အမျိုးသားတစ်ယောက်အတွက် ဘဝပေးကံကောင်းတယ်လို့ယူဆနိုင်ပါတယ်။ Perfection ဆိုတဲ့ ခေါင်းစဉ်အောက်သွားနိုင်ဖို့ကတော့ Skill ရှိဖို့လိုပါတယ်။ ကိုယ်ခန္ဓာကိုယ်အချိုးအစားကို နားလည်ထားသင့်တဲ့အပြင် ဖက်ရှင်အရ ဘယ်လိုဝတ်စားသင့်တယ်ဆိုတာ နားလည်ပြီးပါးနပ်စွာ အသုံးချတတ်ဖို့ပါပဲ။