ဦးခေါင်းခွံတက်တူးပုံစံတွေကလည်း ယောကျာ်းလေးတွေကြားမှာ အထူးရေပန်းစား လူကြိုက်များတဲ့ တက်တူးပုံစံတွေပဲဖြစ်ပါတယ်။ ဦးခေါင်းခွံတက်တူး ဒီဇိုင်းတွေဟာ အမျိုးမျိုး အထွေထွေရှိကြပါတယ်။ ဒီထဲကမှ လူစိတ်ဝင်စားပြီး အဓိပ္ပါယ်ရှိလှတဲ့ တက်တူးဒီဇိုင်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။

နွားဦးခေါင်းခွံပုံ တက်တူး

Source: cdntattoofilter.com

ဒီနွားဦးခေါင်းခွံကိုတော့ တက္ကဆက်ပြည်နယ်နဲ့ အနောက်တိုင်း အမေရိကန်ပြည်ထောင်စုတို့မှာ အကြိုက်များတဲ့ တက်တူးပုံစံပဲဖြစ်ပါတယ်။ နွားဦးခေါင်းခွံတက်တူးဒီဇိုင်းကလည်း အရမ်းကို မိုက်တဲ့ တက်တူးဒီဇိုင်းပဲဖြစ်ပါတယ်။ ဒီတက်တူးရဲ့ ကိုယ်စားပြုမှုနဲ့ အဓိပ္ပါယ်တွေကတော့ ခွန်အား၊ ရဲစွမ်းသတ္တိ နဲ့ သွက်လက်လျင်မြန်မှုတွေပဲ ဖြစ်ပါတယ်။

ဆဲလ်တစ်ဦးခေါင်းခွံပုံ တက်တူး

Source: pre00.deviantart.net

ဆဲလ်တစ်ယဉ်ကျေးမှုရဲ့ ပြယုခ်တစ်ခုဖြစ်သလို အနုစိတ်လက်ရာတွေနဲ့ ခြယ်မှုန်းထားတဲ့ ဆဲလ်တစ်ဦးခေါင်းခွံဒီဇိုင်းတက်တူးပုံစံပါ။ ထူးခြားဆန်းပြားလှတဲ့ တက်တူးဒီဇိုင်းပုံစံဖြစ်ပြီး ပြီးပြည့်စုံလှတဲ့ ဒီဇိုင်းပုံစံလည်းဖြစ်ပါတယ်။ သူ့ရဲ့ ကိုယ်စားပြုမှုကတော့ နားလည်မှု နဲ့ အခွင့်အာဏာတို့ပဲ ဖြစ်ပါတယ်။

အရိုးခေါင်းခွံ ကြက်ခြေခတ်ပုံတက်တူး

Source i.pinimg.com

ဒီတက်တူးပုံစံကိုလည်း ဒီမှာ လူထိုးအရမ်းများတယ်လို့ ပြောရမှာပါပဲ။ အရိုးခေါင်းနဲ့အတူ ကြက်ခြေခတ်အရိုးပုံစံတက်တူးကို ဒီက ယောက်ျားလေးတွေ အတော်များများ ကြိုက်နှစ်သက်ကြပါတယ်။ ဒီတက်တူးဒီဇိုင်းကတော့ ပင်လယ်ဓားပြရဲ့ အမှတ်အသားကို ယူထားတဲ့ ဒီဇိုင်းပုံစံဖြစ်ပါတယ်။ ကိုယ်စားပြုမှုကတော့ ရက်စက်မှု၊ စိတ်ပျက်အားငယ်မှုနဲ့ အဆိပ်အတောက်တို့ကို ရည်ညွှန်းပါတယ်။

မရဏဦးခေါင်းခွံ ပုံတက်တူး

Source: tattoo-ideas.com

ဒီဦးခေါင်းခွံပုံတက်တူးကိုလည်း အထူးကြိုက်နှစ်သက်ကြသူတွေများပါတယ်။ ဒီဦးခေါင်းခွံပုံတက်တူးကတော့ မရဏ သေခြင်းတရားကို အထူးပြုတဲ့အပြင် အမှောင်လောကက အကြောင်းအရာတွေကိုလည်း ဖော်ညွှန်းပါတယ်။ ကိုယ်ကျင့်တရား လျော့ရဲလာမှုတွေကိုလည်း ကိုယ်စားပြုပြီး မူးယစ်ဆေးသမားတွေ နဲ့ ပြည့်တန်ဆာတို့ရဲ့ ဘဝတွေကို ရည်ညွှန်းတဲ့ ပုံစံအမျိုးအစားဖြစ်ပါတယ်။