ဦးခေါင်းခွံ တက်တူးဒီဇိုင်း အလန်းစားတွေကို အပိုင်း ၁ မှာလည်း ဖော်ပြခဲ့ပြီးပါပြီ။ လူကြိုက်များလှသလို ခပ်မိုက်မိုက် ဒီဇိုင်းတွေ များပြားလှတဲ့ တက်တူးဒီဇိုင်းတွေက ကျန်ရှိနေပါသေးတယ်။ တက်တူးချစ် ပရိသတ်တွေကို အကြိုက်တွေ့စေမယ့်နောက်ထပ် ဦးခေါင်းခွံ တက်တူးပုံစံ ဒီဇိုင်း ဆန်းဆန်းလေးတွေကတော့
သေမင်းတမန် ဦးခေါင်းခွံပုံ တက်တူး

Source: tattoo-ideas.com
အနက်ရောင်ဝတ်ရုံကြီးနဲ့ သေမင်းတမန်ဟာ ကြောက်မက်ဖွယ်ရာကောင်းပေမယ့်လည်း ကြိုက်နှစ်သက်ကြသူတွေ ထုနဲ့ထေးပါပဲ။ ဒီသေမင်းတမန်ဦးခေါင်းခွံကတော့ ရဲစွမ်းသတ္တိနဲ့အတူ သေမင်းတမန်နဲ့ ဆန့်ကျင်ဖက်အဖြစ် ကောင်းသောကြမ္မာတွေကို ကိုယ်စားပြုပါတယ်။ လူ့တစ်သက်တာရဲ့ စက်ဝိုင်းကိုလည်း အထူးပြုနေပါသေးတယ်။
နှင်းဆီနဲ့ ဦးခေါင်းခွံပုံ တက်တူး

Source: zenideen.com
နှင်းဆီနဲ့ ဦးခေါင်းခွံပုံတက်တူးကိုလည်း လူထိုးအရမ်းများပါတယ်။ လူကြိုက်များလှတဲ့ တက်တူးပုံစံထဲမှာ ဒီတက်တူးဒီဇိုင်းကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ လှပတဲ့နှင်းဆီပန်းတွေနဲ့ ခြောက်ခြားဖွယ်ဦးခေါင်းခွံကို ဒွန်တွဲထားတဲ့ ခပ်မိုက်မိုက် တက်တူးဒီဇိုင်းပုံစံပါ။ သူကတော့ ဘဝနဲ့သေခြင်းတရားကြားက အဖြစ်အပျက်တွေရဲ့ သဘောသဘာဝကို ဖော်ညွှန်းပြသထားတာပဲ ဖြစ်ပါတယ်။
မြွေနဲ့ ဦးခေါင်းခွံ တွဲရက်ပုံ တက်တူး

Source: askideas.com
ရူးသွပ်ချင်စရာကောင်းလှတဲ့ ခပ်မိုက်မိုက် တက်တူးပုံဖြစ်ပြီး လူအတော်များများကြိုက်နှစ်သက်ကြပါတယ်။ ဒီတက်တူးပုံစံကတော့ သေခြင်းတရားကို ကျော်လွန်နိုင်စွမ်းရှိတဲ့ တချို့အရာတွေကို ရည်ညွှန်းတာပဲဖြစ်ပါတယ်။ မြွေကတော့ အသိပညာ နဲ့ လျှို့ဝှက်နက်နဲမှုတွေကို ကိုယ်စားပြုပြီးတော့ ဦးခေါင်းခွံကတော့ သေခြင်းတရားရဲ့ ဖော်ညွှန်းမှုပဲ ဖြစ်ပါတယ်။
ဂျီသြမေတြီ ဦးခေါင်းခွံ ပုံတက်တူး

Source: tattoos.photos
ဒိတက်တူးပုံစံကလည်း ခပ်မိုက်မိုက် တက်တူးဒီဇိုင်းတွေထဲမှာ ပါဝင်ပါတယ်။ ဒီတက်တူးပုံစံရဲ့ ရည်ညွှန်းမှုကတော့ သေဆုံးပြီးတို့အတွက်ပဲ ဖြစ်ပါတယ်။ သေဆုံးသွားသူတို့ကို ရည်ညွှန်းတဲ့ သေဆုံးသွားသူတို့နဲ့ ကုန်ဆုံးသွားခဲ့တဲ့ အမှတ်တရတွေကို ဖော်ညွှန်းမှုတက်တူးပုံစံပဲ ဖြစ်ပါတယ်၊